ဒေးဒရဲမြို့နယ်အတွင်းရှိ သံပရာစိုက်တောင်သူများ စျေးကောင်းရရှိမှုကြောင့် မိသားစုအပိုဝင်ငွေ တိုးပွား
ဒေးဒရဲ
အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊
ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်သည် မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး သဘာဝရာသီဥတုနှင့် ရေခံမြေခံကောင်းမွန်မှုကြောင့်
နှစ်ရှည်သီးနှံပင်များ စီးပွားဖြစ်
စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ
သံပရာပင်စိုက်ပျိုး၍ သံပရာသီးများ စျေးကောင်းရရှိမှုကြောင့်
မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
သံပရာပင်ကို တောင်သူများကိုယ်တိုင် ကိုင်းဆက်ကိုင်းကူးနည်းများ
ပြုလုပ်၍ ကွန်ကရစ်ဂွေများအတွင်း
သဘာဝမြေသြဇာ ထည့်သွင်းစိုက်ပျိုးကြပြီး နွေရာသီတွင် ရေသွင်း၍ စိုက်ပျိုးရကြောင်း၊ သံပရာပင်များကို စိုက်ပျိုးပြီး တစ်နှစ်ခန့်အကြာတွင် အသီးလှိုင်လှိုင်ထွက်ရှိကြောင်း သိရသည်။ ယခုနှစ်နွေရာသီတွင်
ပေါ်ဦးပေါ်ဖျား သံပရာသီးများအား တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၇၀၀)ကျပ်ထိ ရောင်းချနေရမှုကြောင့် သံပရာစိုက်တောင်သူများ ဝင်ငွေတိုးပွားလျက်ရှိကြောင်း
သိရသည်။
အေဇာလင်း

No comments