လွိုင်လင်မြို့နယ်အတွင်း ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုတာဝန်ရှိသူတို့ကကွင်းဆင်းစစ်ဆေး
လွိုင်လင် အောက်တိုဘာ ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ လွိုင်လင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်( ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကိုယမန်နေ့ ကရှမ်းပြည်နယ်(တောင်ပိုင်း)ကျေးလက်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဆွေ နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပင်လုံ-မက္ကန်းကျေးရွာလမ်း(၀/၄မိုင် ၊ လဲလျားလမ်းခွဲမှ ကျူယူံး ကျေးရွာလမ်း(၀/၂ မိုင် ) နှင့် လွိုင်လင် - လွိုင်မုံမိုင်းကျေးရွာ ကျောက်ရိုးစီ ကွန်ကရစ်တံတား တို့ကို ကြည့်ရှ့ စစ်ဆေးရာ ဦးဇော်သက်နိုင် ( လက်ထောက်ညွန်ကြားရေးမှူး(မြို့ပြ)နှင့် ဒေါ်နွေးတင့်လှိုင် ( ဦးစီးအရာရှိ (မြို့ပြ) ) တို့က လိုက်လံရှင်းလင်း ပြသကြသည်။
လွိုင်လင်မိုး

No comments