မလေးရှားနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး
နေပြည်တော် အောက်တိုဘာ - ၈
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ
အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံ၌
တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့်
ပြည်ထောင်စုသမ္မတ
မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က
ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
ဦးမင်းအောင်လှိုင်သည် မလေးရှား ဝန်ကြီးချုပ်ရုံးသို့ ရောက်ရှိလာရာ
မလေးရှားနိုင်ငံဝန်ကြီးချုပ်
ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က လှိုက်လှဲနွေးထွေးစွာကြိုဆိုနှုတ်ဆက်သည်။
ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုမည့် အလေးပြုခံစင်မြင့်၌ နေရာယူ၍ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကို
ခံယူကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုတပ်ဖွဲ့အားစစ်ဆေးသည်။ ယင်းနောက် နှစ်နိုင်ငံ အကြီးအကဲနှစ်ဦးကို ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများဖြင့်
တီးမှုတ်ဂုဏ်ပြု အလေးပြု ကြသည်။
ဆက်လက်၍ နှစ်နိုင်ငံအကြီးအကဲနှစ်ဦးသည် တက်ရောက်လာကြသည့် နှစ်နိုင်ငံမှ ကိုယ်စားလှယ် အရာရှိကြီးများအား အပြန်အလှန်မိတ်ဆက်ပေးကြသည်။
ထို့နောက် နှစ်နိုင်ငံ အကြီးအကဲနှစ်ဦးသည်
ဝန်ကြီးချုပ်ရုံး အဆောက်အဦ၌ မလေးရှားနိုင်ငံ၏ အထင်ကရ ဖြစ်သည့် ပူထရာဗလီကျောင်းတော်အား
နောက်ခံထား၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် မလေးရှားဝန်ကြီးချုပ်ရုံး
ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည်
သီးသန့်တွေ့ဆုံ၍ ကမ္ဘာ့နိုင်ငံရေး အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု၊
နှစ်နိုင်ငံ ကာကွယ်ရေးနှင့်
လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊
နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွား ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊
အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေး ဆိုင်ရာများ၊
လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်း
ဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံဝန်ကြီးချုပ်တို့သည်
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်




No comments