တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်ကစား၊ ဂျုဒိုပြိုင်ပွဲတွင် ရွှေ(၂၂)ခု၊ ငွေ(၁၅)ခု၊ ကြေး(၁၂)ခုဖြင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းမှ စုပေါင်းတံခွန်စိုက်ဒိုင်းရရှိ
နေပြည်တော် အောက်တိုဘာ ၈
တပ်မတော်(ကြည်း၊ ရေ၊ လေ)အားကစားပြိုင်ပွဲများကို လက်ရွေးစင်အားကစားသမားများမှတစ်ဆင့်
နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်သည့် မြန်မာ့လက်ရွေးစင်အားကစားသမားများအဖြစ် တက်လှမ်းနိုင်စေရန်နှင့်
မျိုးဆက်သစ်လူငယ် အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပလျက်ရှိရာ
၂၀၂၆ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို
ယနေ့နံနက်ပိုင်းတွင်သက်ဆိုင်ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်းများနှင့်
အားကစားရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊
ရေ၊ လေ) အမျိုးသား/အမျိုးသမီး ဂျူဒိုပြိုင်ပွဲ ဗိုလ်လုပွဲနှင့်
ဆုပေးပွဲအခမ်းအနားကို ဇေယျာသီရိအားကစားရုံ(A)၌ ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး
(ကြည်း)မှ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊
မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ
တက်ရောက်ကြသည်။
ထို့နောက် တက်ရောက်လာကြသူများက
အမျိုးသား/အမျိုးသမီး ကီလိုတန်းအလိုက် အသင်းလိုက် ဗိုလ်လုပွဲ
ပွဲစဉ်များကို ကြည့်ရှုအားပေးကြပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ
အသင်းလိုက်ပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ၊ ပူးတွဲ တတိယဆုရအသင်းများနှင့် မျိုးဆက်သစ်
အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ရွှေနှစ်ခု၊ ငွေသုံးခု၊ ကြေးသုံးခုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ) ကိုယ်စားပြုအသင်းနှင့်
မျိုးဆက်သစ် အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ရွှေသုံးခု၊ ငွေတစ်ခု၊ ကြေးတစ်ခုရရှိသော
နေပြည်တော်တိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်း၊ အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ရွှေခြောက်ခု၊
ငွေတစ်ခု၊ ကြေးနှစ်ခုရရှိသော နေပြည်တော်တိုင်းစစ်ဌာချုပ် ကိုယ်စားပြုအသင်း၊ အမျိုးသမီး တံခွန်စိုက် ဒိုင်းဆုကို ရွှေငါးခု၊
ငွေနှစ်ခု၊ ကြေးနှစ်ခုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုအသင်းတို့က အသီးသီးရရှိကြပြီး ဆုရရှိသည့် အသင်းများနှင့် ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသည့် ဒိုင်လူကြီးများအား
တာဝန်ရှိသူများက တစ်ဦးချင်းဆုနှင့် ငွေသားဆုများ
ပေးအပ်ကြသည်။
ဆက်လက်၍ အမျိုးသား/အမျိုးသမီး အကောင်းဆုံး ကစားသမားဆုရရှိသူများနှင့် ရွှေ ၂၂ ခု၊ ငွေ ၁၅ ခု၊ ကြေး ၁၂ ခု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြု အသင်းတို့အား တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်(ကိုယ်စား) တာဝန်ရှိသူတစ်ဦးက
ငွေသားဆုနှင့် အမျိုးသား/အမျိုးသမီး ဂျူဒိုအားကစားပြိုင်ပွဲ စုပေါင်းတံခွန်စိုက်ဒိုင်းကို ပေးအပ်ချီးမြှင့်သည်။
ထို့ပြင် ဇေယျာသီရိ
တပ်မတော်အားကစားကွင်း၌ ကျင်းပလျက်ရှိသော တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မီတာ ၅၀၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး တန်းမြင့်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊
အမျိုးသား ၁၀ မျိုးစုံ(၆) မီတာ ၁၁၀ တန်းကျော်ပြေးပြိုင်ပွဲ
ဗိုလ်လုပွဲ၊ အမျိုးသမီးသံလုံးပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝ မျိုးစုံ(၇) သံပြားဝိုင်းပစ်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ ၂၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁ဝ မျိုးစုံ(၈) တုတ်ထောက်ခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၉) လှံတံပစ် ပြိုင်ပွဲ ဗိုလ်လုပွဲ၊ အမျိုးသား ၁၀ မျိုးစုံ(၁၀) မီတာ ၁၅၀၀ ပြေးပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များ ယှဉ်ပြိုင်ကစားပြီး
ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်ပြေးခုန်ပစ်ကော်မတီမှ
တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဒိုင်းတပ်မတော်(ကြည်း၊ ရေ၊ လေ)အမျိုးသား/အမျိုးသမီးဘော်လီ ဘောပြိုင်ပွဲကို
ဇေယျာသီရိ တပ်မတော်အားကစားရုံ(B)၌ အမျိုးသား/အမျိုးသမီး ကွာတားအဆင့်ပတ်လည်ပြိုင်ပွဲ
ပွဲစဉ်များကိုလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း (၃၃)ကြိမ်မြောက် တပ်မတော်(ကြည်း၊
ရေ၊ လေ) မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိတပ်မတော်အားကစားရုံ (C)၌ အမျိုးသားဗန်တိုအတိုက်(က)တန်း၊ အမျိုးသားဗန်တိုအတိုက်(ခ)တန်း၊ အမျိုးသား ပန်ကြပ်ဆီလပ်အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက်
အတိုက်(က)တန်း အကြိုဗိုလ်လုပွဲစဉ်များ၊ အမျိုးသားဓားနှစ်လက် အတိုက်(ခ)တန်း အကြိုဗိုလ်လု ပွဲစဉ်များ၊ အမျိုးသမီးဓားတစ်လက်
အတိုက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များ၊အမျိုးသား နှစ်ယောက်အတွဲ အတိုက်စွမ်းရည်ပြပြိုင်ပွဲများ၊ အမျိုးသားသုံးယောက် အတွဲတိုက် စွမ်းရည်ပြပြိုင်ပွဲများကိုလည်းကောင်း ယှဉ်ပြိုင်ကြသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး
(ကြည်း)ဝင်းအတွင်းရှိ စံပယ်(၆) အားကစားရုံ၌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဒိုင်း
တပ်မတော်(ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲမှ
အလွတ်တန်း(၄)ယောက်တွဲ အဖွဲ့လိုက်အကြိုဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း၊ စိန်ပန်းခန်းမ(၂)၌ ၂၀၂၆ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊
တပ်မတော်(ကြည်း၊ ရေ၊ လေ)ကရာတေးပြိုင်ပွဲ
လူသစ်တန်း၊ အကြီးတန်း၊ အသင်းလိုက် ခတပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ၊ ကီလိုတန်းအလိုက်
လူသစ်တန်း၊ အကြီးတန်းကုမိတဲ့ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကိုလည်းကောင်း ယှဉ်ပြိုင်ကစားကြသည်။
(၅၆)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) လက်ဝှေ့ပြိုင်ပွဲကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၊
တပ်နယ်အားကစားခန်းမ၌ ကီလိုတန်းအလိုက် လူသစ်တန်း၊ အလွတ်တန်းနှင့် (က)အဆင့် အကြိုဗိုလ်လုပွဲစဉ်များကို ယှဉ်ပြိုင်ကစားကြသည်။
အဆိုပါ အားကစားပြိုင်ပွဲများသို့
ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊
ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments