၂၀၂၆ ခုနှစ် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာအသင်းမှ မသန်စွမ်း အားကစားသမား ညီညီလင်းထက်က ငွေတံဆိပ်ဆုကို ထပ်မံဆွတ်ခူးရရှိ
ရန်ကုန် အောက်တိုဘာ ၂၃
ဂျပန်နိုင်ငံ နာဂိုယာမြို့တွင် ကျင်းပလျက်ရှိသည့် (၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့ရေကူးပြိုင်ပွဲ ပွဲစဉ်ဖြစ်သည့် အမျိုးသား မီတာ ၁၅၀ တစ်ဦးချင်း လေးမျိုးကူးပြိုင်ပွဲတွင် ထိုင်းအသင်းမှ အားကစားသမား နှစ်ဦး၊ ကိုရီးယားအသင်းမှ အားကစားသမား
တစ်ဦး၊ မြန်မာအသင်းမှ အားကစားသမားတစ်ဦးတို့
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရေကူး
အားကစားသမား ညီညီလင်းထက်က (၃)မိနစ် (၀၁.၂၃) စက္ကန့်ဖြင့် မြန်မာနိုင်ငံအတွက် ငွေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ထပ်မံဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
(၅)ကြိမ်မြောက် အာရှမသန်စွမ်းသူများ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့အနေဖြင့် အောက်တိုဘာ ၂၂ ရက် အထိ ပြိုင်ပွဲများအပြီး၌ ငွေတံဆိပ် တစ်ခု၊ ကြေးတံဆိပ် သုံးခု စုစုပေါင်းဆုတံဆိပ်
လေးခု ဆွတ်ခူးရရှိထားပြီး အောက်တိုဘာ ၂၃ ရက်တွင် မြန်မာအသင်းမှ ရေကူးကစားသမား ညီညီလင်းထက်က မီတာ (၁၀၀)အလွတ်ကူးပြိုင်ပွဲကို ဆက်လက်ဝင်ရောက်
ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments