မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာပေးစစ်‌ဆေး

 



ရန်ကုန် အောက်တိုဘာ ၁၈


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ မြို့နယ်၌ ကျောက်ရေတွင်းစျေးနှင့် (၂) ရပ်ကွက်ရှိ ၂ စျေးတို့အား မီးဘေးလုံခြုံရေး ကွင်းဆင်းအသိပညာ ပေးစစ်‌ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်သည်။


အသေးစိတ်စစ်ဆေး


မြောက်ဥက္ကလာပမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများနှင့်အတူ သုဓမ္မာလမ်း၊ ကျောက်ရေ တွင်းရပ်ကွက်ရှိ ကျောက်ရေတွင်းစျေးနှင့် သုဓမ္မာလမ်း၊(၂) ရပ်ကွက်ရှိ ၂ စျေးတို့တွင် စျေးအတွင်းရေလှောင်ကန်များ စျေးမီးဘေးလုံခြုံရေး ဆောင်ရွက်ထားသည့် ပစ္စည်းကိရိယာများကို စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


သက်လွင်စိုး(ပြန်/ဆက်)

No comments

Powered by Blogger.