စိုက်ပျိုးရေးလုပ်ငန်းသုံး အမိုနီယမ်ဆာလဖိတ် မြေဩဇာအကြောင်း အသိပညာပေးဆွေးနွေး
ကြို့ပင်ကောက် အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် ဆီဆုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး အမိုနီယမ်ဆာလဖိတ် မြေဩဇာအကြောင်း အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၆ ရက်က ပြုလုပ်သည်။
ဆွေးနွေး
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက တောင်သူများ အသုံးပြုနေသော အမိုနီယမ်ဆာလဖိတ် မြေဩဇာသည် အပင်မှ အများအပြားလိုအပ်သည့် အဓိကအပင်အာဟာရဓာတ် နိုက်ထရိုဂျင် ၂၁ ရာခိုင်နှုန်းနှင့် အပင်မှအနည်းငယ်သာလိုအပ်သည့် ဆာလဖာ ၂၄ ရာခိုင်နှုန်းပါဝင်ပြီး ဆာလဖာပါဝင်မှု မြင့်မားခြင်းကြောင့် မြေကိုချဉ်စေသော သတ္တိရှိသဖြင့် ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း စိုက်ပျိုးသီးနှံများတွင် သုံးစွဲမည်ဆိုပါက မိမိတို့စိုက်ပျိုးမြေ၏ မြေချဉ်ငန်ကိန်း၊ စိုက်ပျိုးမည့် သီးနှံအမျိုးအစား စသည်တို့အပေါ်မူတည်၍ ထည့်သွင်းသင့်သည့် ပမာဏကို စိုက်ပျိုးရေးပညာရှင်များနှင့် မြေဆီလွှာပညာရှင်များ၏ ထောက်ခံအကြံပြုချက်များ ရယူအသုံးပြုရန် လိုအပ်ကြောင်း ဆွေးနွေးသည်။
အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)

No comments