ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ



သာပေါင်း အောက်တိုဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်တွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းလုပ်ငန်းကို အောက်တိုဘာ ၁၉ ရက်က မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းတွင် ကာကွယ်ဆေးထိုးနှံဖူးသည်ဖြစ်စေ၊ မထိုးနှံဖူးသည်ဖြစ်စေ အသက် (၉) လမှ (၅၉) လ အရွယ် ကလေးငယ်များအား သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် မပျက်မကွက် သွားရောက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သာပေါင်း(ပြန်/ဆက်)

No comments

Powered by Blogger.