အပူဒဏ်ဆိုင်ရာ ကျန်းမာရေးပြဿနာများ စနစ်တကျတုံ့ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိ



အုတ်ဖို အောက်တိုဘာ ၁၉

 

ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်တွင် အပူဒဏ်ဆိုင်ရာကျန်းမာရေး ပြဿနာများအား စနစ်တကျ တုံ့ပြန်နိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်း၊ ဆေးရုံများတွင် အပူဒဏ်အန္တရာယ်ဖြင့် လူနာများရောက်ရှိလာပါက ကုသမှုပေးနိုင်ရေးအတွက် ဆေးဝါးများ ဖြည့်ဆည်းခြင်း၊ အပူဒဏ်သင့်လူနာဆောင်များ သတ်မှတ်ဆောင်ရွက်ထားရှိခြင်း၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်သူ(အုတ်ဖို)

No comments

Powered by Blogger.