ဒီဂျစ်တယ်နည်းပညာအသုံးပြု နိုင်ငံတကာအစားအစာ ကုန်သွယ်မှုဆီသို့ …
ဒေါက်တာဝေရီလင်း (စားသုံးသူရေးရာဦးစီးဌာန)
ယနေ့ခေတ်ကာလတွင်
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသည် နိုင်ငံအလိုက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၏
အဓိကမောင်းနှင်အားဖြစ်ကြောင်း ပို၍ ထင်ရှားလာသည်။
ကုန်သွယ်မှုကဏ္ဍ
တိုးချဲ့လာသည်နှင့်အမျှ စားသုံးသူများ၏ ကျန်းမာရေးဘေးကင်းလုံခြုံမှု၊ တိရစ္ဆာန် နှင့်
အပင်များတွင် ကျရောက်တတ်သော ရောဂါဘေးအန္တရာယ်များ ကူးစက်ပြန့်ပွားမှုကို
ထိန်းချုပ်ရန် အပါအဝင် လိုအပ်ချက်များသည် အထူး ပင် မြင့်မားလာရာ
မဖြစ်မနေလိုက်နာရသည့် လူ၊ အပင်၊ သတ္တဝါသန့်ရှင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ
အစီအမံများ (Sanitary and Phytosanitary Measures - SPS) က နိုင်ငံတကာအစားအစာ ကုန်သွယ်မှုတွင် ပိုမိုအလေးထားရသော စံနှုန်းများ
ဖြစ်လာသည်။
နည်းပညာနှင့် အရင်းအမြစ်လိုအပ်ချက်များ
ရာသီဥတုပြောင်းလဲမှုကြောင့်
ခေတ်သစ်ကမ္ဘာ့ အစားအစာ ကုန်သွယ်ရေးဝန်းကျင်သည် ပိုးမွှားနှင့် ရောဂါပုံစံများ
ပြောင်းလဲလာခြင်း၊ အစားအစာ ဘေးကင်းလုံခြုံမှုဆိုင်ရာ အန္တရာယ်များ ပိုမို
ဆန်းပြားလာခြင်းနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များ အရှိန်အဟုန်ဖြင့်
ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းလာ ခြင်းတို့ကြောင့် ပိုမိုရှုပ်ထွေးလာသည်။
အထူးသဖြင့် ကမ္ဘာ့ဈေးကွက်ကြီးများ၏ နည်းပညာဆိုင်ရာ ဖြည့်ဆည်းရမည့်
စံချိန်စံညွှန်းများကို အမီလိုက်ရန် ခက်ခဲသောနည်းပညာနှင့် အရင်းအမြစ်လိုအပ်ချက်
များ ရှိနေဆဲဖြစ်သော ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အသေး စား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်း များနှင့် တောင်သူငယ်များအတွက် ဈေးကွက်ပိတ်ဆို့ မှုများ
ကြုံတွေ့ရလေ့ရှိသည်။
တီထွင်ဆန်းသစ်မှုသည်
နည်းပညာဆိုင်ရာ ဆန်းသစ်မှုများသာမက လူမှုရေးဆိုင်ရာ ချဉ်းကပ်မှုများ၊
အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံများ၊ စည်းမျဉ်း စည်းကမ်း ပြုပြင်ပြောင်းလဲမှုများ၊
ဘဏ္ဍာရေးဆိုင်ရာ ယန္တရားများနှင့် လူသားတို့၏အပြုအမူဆိုင်ရာ
ပြောင်းလဲမှုများအားလုံးပါဝင်သည်။ ကမ္ဘာပေါ်တွင် ရှိနှင့်ပြီးသား ဖြေရှင်းချက်များကို
ဒေသန္တရအခြေ အနေများ၊ အသုံးပြုသူများ၏ စွမ်းဆောင်ရည်များနှင့် ကိုက်ညီအောင်
ပြုပြင်မွမ်းမံပြီး လက်တွေ့ကျကျ အသုံးချခြင်းလည်းဖြစ်သည်။
ထိရောက်သော
ဆန်းသစ်မှုများသည် စိတ္တဇသဘောတရားများမျှသာမဟုတ်ဘဲ ခိုင်မာသော အထောက်အထားများ အပေါ်အခြေခံကာ
ဒေသတွင်း ပကတိအခြေအနေများကို တုံ့ပြန်နိုင်စွမ်းရှိရန် လိုအပ်ပြီး အထူးသဖြင့်
“အားလုံးပါဝင်နိုင်သော တီထွင်ဆန်း သစ်မှု ” သည် အလွန်အရေးကြီးပါသည်။
ထိုဆန်းသစ်မှုများ၏ အကျိုးကျေးဇူးများသည် လုပ်ငန်းကြီးများဆီသို့သာမက
ကွင်းဆက်တစ်ခု လုံး၏ အခြေခံလူတန်းစားများဖြစ်သော လယ်သမား ငယ်များ၊ အမျိုးသမီးများ၊
လူငယ်များနှင့် မသန်စွမ်း သူများထံသို့ပါ သက်ရောက်နိုင်ရမည်ဖြစ်ပါသည်။
နည်းပညာတိုးတက်လာမှုကြောင့်
ဒီဂျစ်တယ် နှင့် ဒေတာအခြေပြု SPS အထောက်အထားများ၏ SPS ဆိုင်ရာ ဘေးအန္တရာယ်များကို ခွဲခြားသတ်မှတ်ခြင်း၊
စံချိန်စံညွှန်းကိုက်ညီမှုကို စီမံခန့်ခွဲခြင်းနှင့် နယ်စပ်ဖြတ်ကျော်
သတင်းအချက်အလက် ဖလှယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို လုံးဝ ပြောင်းလဲစေခဲ့သည်။
ဒီဂျစ်တယ်စနစ်ဖြင့် ပိုးမွှားစောင့်ကြည့် လေ့လာရာတွင် စမတ်ဖုန်းများနှင့် တက်ဘလက်များကို
အသုံးပြုကာ လယ်ကွင်းအတွင်းမှ ဒေတာများကို ဗဟိုဒိုင်ခွက်ဆီသို့
တိုက်ရိုက်ပေးပို့ခြင်းဖြင့် ပိုးမွှားအန္တရာယ်များကို ပိုမိုမြန်ဆန်စွာ
တုံ့ပြန်နိုင်စေသည်။ ဥပမာအားဖြင့် အာရှ-ပစိဖိတ်ဒေသတွင် ဤစနစ်ဖြင့် ဒေသတွင်း စောစီးစွာသတိပေးစနစ်ကို
အားကောင်းစေခဲ့သည်။
နိုင်ငံတကာစံနှုန်းများ
ထို့အတူ
အီလက်ထရောနစ် လက်မှတ်ထုတ်ပေးခြင်းစနစ် (ePhyto/eVet) သည် နိုင်ငံအဆင့် အမျိုးသားစနစ်များအကြား လုံခြုံစိတ်ချရပြီး စက္ကူမဲ့ဖြစ်ကာ
နိုင်ငံတကာစံနှုန်းများနှင့်ညီညွတ်သော လက်မှတ်များကို တိုက်ရိုက်ဖလှယ်ခွင့်ပြုသဖြင့်
ကုန်သွယ်မှု ကြာမြင့်ချိန်နှင့် ကုန်ကျစရိတ်ကို သိသိသာသာ
လျှော့ချပေးနေပြီဖြစ်ပါသည်။ ထို့ပြင် ဗီဒီယိုရုပ်သံများနှင့်
ဒီဂျစ်တယ်မှတ်တမ်းများကို ပေါင်းစပ်ထားသည့်အဝေးမှနေ၍ စစ်ဆေးခြင်း စနစ်သည်
လူကိုယ်တိုင် သွားရောက်ရမည့် ခရီးနှင့် ကြန့်ကြာမှုများကို လျှော့ချပေးနိုင်သဖြင့်
အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ နှစ်ခုစလုံး၏ အရင်းအမြစ်များ ထိရောက်စွာ
အသုံးချနိုင်မှုနှင့် ထိရောက်မှုရှိစေပါသည်။
ဝေးလံခေါင်သီပြီး
ဝန်ဆောင်မှုမပြည့်ဝသော ဒေသများအထိ လိုက်လံလုပ်ဆောင်ပေးသည့် ရွေ့လျား ဓာတ်ခွဲခန်း
ဝန်ဆောင်မှုများသည်လည်း SPS ဆိုင်ရာ
စမ်းသပ်စစ်ဆေးမှုလုပ်ငန်းများကို မြန်ဆန်စေပြီး ကြန့်ကြာမှုနှင့် ကုန်ကျစရိတ်ကို
များစွာလျှော့ချပေးပါသည်။
စိုက်ပျိုးထုတ်လုပ်မှုအဆင့်နှင့်
စိုက်ပျိုးရေး နည်းပညာဆိုင်ရာ ဆန်းသစ်မှုများအနေဖြင့် SPS ဘေးအန္တရာယ်အများစုသည် လယ်ယာ၊ စိုက်ပျိုးရေး ခြံများနှင့်
ကုန်စည်ပြုပြင် ထုတ်လုပ်သည့်အဆင့် များတွင် စတင်လေ့ရှိသဖြင့်
စိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများနှင့် နည်းပညာများကို
ဆန်းသစ်တီထွင်ရန်လိုအပ်သည်။ ဓာတုပိုးသတ် ဆေးအကြွင်းအကျန်များ
လျှော့ချရန်ဇီဝထိန်းချုပ် မှုများအသုံးပြုရာတွင် စိုက်ပျိုးထုတ်လုပ်မှု၏
အစောပိုင်းကာလတွင်သာ သမားရိုးကျပိုးသတ်ဆေး များကိုအသုံးပြုပြီး
ရိတ်သိမ်းခါနီးအချိန်များတွင် ဇီဝပိုးသတ်ဆေး သို့မဟုတ် ဇီဝထိန်းချုပ်ပစ္စည်းများ
ကို ပြောင်းလဲအသုံးပြုခြင်းဖြင့် ကုန်စည်ငြင်းပယ် ခံရမည့် အန္တရာယ်ကို
လျှော့ချပေးနိုင်သည်။
အလားတူပင်
ကိုကိုးသီးနှံတွင် ကက်ဒမီယမ် ဓာတ်ညစ်ညမ်းမှုကို လျှော့ချရန်အတွက် သယ်ဆောင်ရ လွယ်ကူသော
X-ray
Fluorescence Spectrometer- XRF ကိရိယာများဖြင့်
မြေဆီလွှာ နှင့် သီးနှံတို့ရှိ သတ္တုဓာတ် ပါဝင်မှုကို ကွင်းဆင်း စစ်ဆေးပြီး
အန္တရာယ်ရှိသောနေရာများကို မြေပုံညွှန်း ရေးဆွဲခြင်းဖြင့် ကြိုတင်ကာကွယ်မှုများကို
လက်တွေ့ ဖော်ဆောင်နိုင်ပါသည်။
SPS စနစ်များ၏ အကျိုးကျေးဇူးများကို လယ်သမားငယ်များ၊ MSMEs များ၊ အမျိုးသမီးများ နှင့် လူငယ်များအထိ
ခံစားရရှိစေရေးဖော်ဆောင်ပေးနိုင်ရန် အားလုံးပါဝင်နိုင်သော လူမှုရေးဆိုင်ရာ
ဆန်းသစ်မှုများက အရေးပါလျက်ရှိပါသည်။ အင်တာနက်လိုင်းအမြန်နှုန်း အနည်းငယ်သာ
လိုအပ်သော ဒီဂျစ်တယ်မိုဘိုင်းအကြံပေး ဝန်ဆောင်မှုသည် တောင်သူများလိုအပ်သည့်အချိန်တွင်
SPS
ဆိုင်ရာ သတ်မှတ်ချက်များကို အလွယ် တကူရရှိစေသည်။
ဆီနီဂေါနိုင်ငံ၏
ဟင်းသီးဟင်းရွက်ကုန်ထုတ် လုပ်မှုကဏ္ဍတွင်လည်း အမျိုးသမီးစိုက်ပျိုး ထုတ်လုပ်သူ
အစုအဖွဲ့ပုံစံများကို အသုံးပြုကာ စွမ်းဆောင်ရည် မြှင့်တင်ပေးခဲ့သည်။ ဤစနစ်ကြောင့်
အမျိုးသမီးများသည် သီးနှံအရည်အသွေး စစ်ဆေးခြင်း၊ လက်မှတ်ထုတ်ပေးခြင်းနှင့် အရည်အသွေး
အာမခံချက် ပေးခြင်းလုပ်ငန်းစဉ်များတွင် အပြည့်အဝပါဝင်လာနိုင်ခဲ့ကြပြီး
ထုတ်ကုန်အရည် အသွေးကို မြင့်မားစေနိုင်ကြောင်း လက်တွေ့ သက်သေပြခဲ့သည်။
ထိရောက်သော SPS စနစ်များသည် နည်းပညာ ဆိုင်ရာကျွမ်းကျင်မှုများအပေါ်သာမက
ပွင့်လင်း မြင်သာမှုရှိပြီး အထောက်အထားအခြေပြုသော ခိုင်မာသည့်
စည်းမျဉ်းစည်းကမ်းနှင့် အဖွဲ့အစည်း ဆိုင်ရာ မူဘောင်များအပေါ်တွင်လည်း တည်မှီနေရာ စည်းမျဉ်းစည်းကမ်းနှင့်
အဖွဲ့အစည်းဆိုင်ရာတွင် ဆန်းသစ်မှုများလိုအပ်ပါသည်။
စည်းမျဉ်းဆိုင်ရာအကျင့်ကောင်းများ
(Good
Regulatory Practices - GRPs) နှင့် နိုင်ငံတကာ
ကုန်သွယ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ မျှဝေ ပေးသည့်အွန်လိုင်းစနစ် (ePing) ပလက်ဖောင်းတို့ သည် ဘေးကင်းလုံခြုံမှုကို
အာမခံချက်ပေးနိုင်သကဲ့ သို့ ပုဂ္ဂလိကကဏ္ဍအတွက် မလိုအပ်သော ကုန်ကျ စရိတ်နှင့်
လုပ်ထုံးလုပ်နည်း ဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးပြီး နိုင်ငံတကာ
စည်းမျဉ်းအပြောင်းအလဲ များကို ပွင့်လင်းမြင်သာစွာ သိရှိစေပါသည်။
SPS ရင်းနှီးမြှုပ်နှံမှုများ
ထို့ပြင်
အစိုးရ၏ကြီးကြပ်မှုအောက်တွင် တရားဝင်အသိအမှတ်ပြုထားသော ပုဂ္ဂလိက တတိယ အဖွဲ့အစည်းများက
စံချိန်စံညွှန်းကိုက်ညီမှု စစ်ဆေးပေးသည့် ပုဂ္ဂလိက အာမခံချက်ပေးခြင်း (voluntary
Third-Party Assurance vTPA) စနစ် သည်
ပြည်သူ့အရင်းအမြစ်များကို ပိုမိုထိရောက်စွာ အသုံးချနိုင်ပါသည်။ ဂမ်ဘီယာနိုင်ငံတွင်
ဈေးကွက် ရရှိရေးအတွက် SPS ရင်းနှီးမြှုပ်နှံမှုများကို
ဦးစား ပေးသတ်မှတ်ခြင်း ( Prioritizing SPS Investments for Market Access
P-IMA) မူဘောင်ကိုသုံး၍ သီဟိုဠ်စေ့ ပို့ကုန်ကဏ္ဍကို
ဦးစားပေးရင်းနှီးမြှုပ်နှံခဲ့ရာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ရင်းနှီး
မြှုပ်နှံမှုမှ ဒေါ်လာ ၅၂ သန်းအထိ ပြန်လည်ရရှိနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီး
စမတ်ကျသော ရင်းနှီး မြှုပ်နှံမှု ဆုံးဖြတ်ချက်များကို လမ်းညွှန်ပေးနိုင်ခဲ့ကြောင်း
သိရှိရပါသည်။
ရာသီဥတုပြောင်းလဲမှုသည်
ပိုးမွှားများနှင့် ရောဂါအန္တရာယ်များကို ခန့်မှန်းရခက်ခဲစေသဖြင့် ရာသီ ဥတုဆိုင်ရာ
ဆန်းသစ်သော ချဉ်းကပ်မှုများ သည် မဖြစ်မနေလိုအပ်လာသည်။ သဘာဝပတ်ဝန်းကျင် အပေါ်
တာဝန်ယူမှုရှိသော ပိုးမွှားစီမံခန့်ခွဲမှုတွင် အိုဇုန်းလွှာကို ပျက်စီးစေသော
မီသိုင်းဘရိုမိုက် အစား အပူပေးစနစ်ဖြင့် ပိုးသတ်ခြင်း စံလုပ်ထုံးလုပ်နည်းများကို ပြောင်းလဲကျင့်သုံးခြင်းဖြင့်
ပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချပေးသည်။ ထို့အတူ ရာသီဥတုပြောင်းလဲမှုနှင့်အညီ
စောင့်ကြည့်စစ်ဆေးမှု ပရိုတိုကောများကိုမွမ်းမံ၍ ကုန်သွယ်မှုနှင့် လယ်သမားများ၏
အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ မပြတ်တောက်စေရန် ဆောင်ရွက်လျက်ရှိပါသည်။
SPS စနစ်များ တိုးတက်ပြောင်းလဲရန်အတွက် နည်းပညာနှင့် အရင်းအမြစ်များ
ရရှိရုံမျှဖြင့် မလုံလောက်ဘဲ တွေးခေါ်မြော်မြင်မှုပုံစံ၊ စဉ်ဆက် မပြတ်
လေ့လာသင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တို့သည် အလွန်အရေးကြီးကြောင်း၊
ထို့ကြောင့်မူဝါဒချမှတ်သူများနှင့် စည်းကမ်းထိန်းသိမ်းရေး သမားများသည် ဆန်းသစ်သော
တွေးခေါ်မှုများကို အမျိုးသားမဟာဗျူဟာများနှင့် စည်းမျဉ်းများတွင် ထည့်သွင်းရန်၊ SPS ဆိုင်ရာ အာဏာပိုင်များက ဒေသတွင်းနှင့်ကိုက်ညီပြီး
စမ်းသပ်အောင်မြင်သည့် ဖြေရှင်းချက်များကို ဦးစားပေးတိုးချဲ့ရန် ပုဂ္ဂလိက
ကဏ္ဍအနေဖြင့် အစိုးရနှင့်အတူ အချက်အလက်များ မျှဝေပြီး ကွင်းဆက်တစ်လျှောက်
စံချိန်စံညွှန်း ကိုက်ညီအောင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ
ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်များနှင့် အလှူရှင်များသည် ရာသီဥတုနှင့်
အားလုံးပါဝင်နိုင်မှုကို အလေး ထား၍ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများကို
ဆက်လက်လုပ်ဆောင်သွားရန် လေ့လာမှု များက ထောက်ခံအကြံပြုထားပါသည်။
ပြောင်းလဲလာသော
ကမ္ဘာ့ကုန်သွယ်ရေး ဝန်းကျင်တွင် တီထွင်ဆန်းသစ်မှုသည် မဖြစ်မနေ လျှောက်လှမ်း ရမည့်
လမ်းစဉ်ဖြစ်၍ ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများနှင့် စံချိန်စံညွှန်းနှင့် ကိုက်ညီသော
ကုန်သွယ်မှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။ ။
အဓိကကျမ်းကိုး- STDF,2026
Innovations for Safe Trade: Driving SPS Capacity, Inclusion and Market Access ကို အဓိက မှီငြမ်းပါသည်။

No comments