မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ (မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်းကျင်းပသည့် နည်းပညာ ဟောပြောပွဲ ကျင်းပ
မန္တလေး အောက်တိုဘာ
၁၁
မန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ
(မန္တလေးတိုင်းဒေသကြီး) တို့ ပူးပေါင်းကျင်းပသည့် နည်းပညာဟောပြောပွဲကို ယနေ့နံနက်
၉ နာရီတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရုံးအတွင်းရှိ မြို့တော်ခန်းမ၌
ကျင်းပသည်။
ဟောပြောပွဲတွင်
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး
ဦးကျော်သူဝင်းက အဆောက်အအုံဌာနဥပဒေ၊ နည်းဥပဒေနှင့် လိုက်နာရမည့် အချက် အလက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊
အင်ဂျင်နီယာပညာရှင် ဒေါ်ခင်မေဌေးက Soil Investigation and Its Importance ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အင်ဂျင်နီယာပညာရှင် ဦးဇော်ဝင်းက Public Safety ၊ environmental safety and their Responsibility
of (PE)၊ (RSE)၊(RE)
ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးဟောပြောကြပြီး
တက်ရောက်လာကြသည့် အင်ဂျင်နီယာများ၏ မေးမြန်း မှုများကို ပြန်လည်ဖြေကြားကြသည်။
ထို့ပြင်
မန္တလေးမြို့တော်ဝန် ဦးခင်မောင်အေးက အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ
အင်ဂျင်နီယာ အသင်းချုပ် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ (မန္တလေးတိုင်းဒေသကြီး)
ဥက္ကဋ္ဌ ဦးရွှေဇင်က ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များနှင့်
မန္တလေးတိုင်းဒေသကြီး အသင်းခွဲမှ ဆောင်ရွက် ပေးလျက်ရှိသည့် အင်ဂျင်နီယာဆိုင်ရာ
လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
အဆိုပါ
အခမ်းအနားသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းခွဲ (မန္တလေးတိုင်းဒေသကြီး) အလုပ်
အမှုဆောင်အဖွဲ့ဝင်များ၊ မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး၊
ကော်မတီဝင်များနှင့် ဌာနမှူးများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု (PE)၊ (RSE)၊ (RE) လက်မှတ်ရ အင်ဂျင်နီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments