တနင်္သာရီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှု ဖြစ်ပွားခဲ့သည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်
အောက်တိုဘာ ၁၁
မြန်မာနိုင်ငံအတွင်း
ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land
Depression) ၏ အရှိန်ကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း
စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစတင်၍ မိုးသည်း ထန်စွာ အဆက်မပြတ်ရွာသွန်းပြီး
မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင် ထားဝယ် - လောင်းလုံး -
ကျောက်နီ မော်- ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်း၊ မြေပြိုကျ၍
လမ်းပိတ်ခြင်းနှင့်လမ်းပေါ်ရှိ တံတားများတွင် အမှိုက်များပိတ်ဆို့ခြင်း ဖြစ်ပေါ်ခဲ့သည်။
အဆိုပါ ထားဝယ် -
လောင်းလုံး- ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ ပြိုကျ၍
လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည့် နေရာများနှင့် သဘာဝ ဘေးအန္တရာယ်ကြောင့်
ထိခိုက်ပျက်စီးခဲ့သည့် ကျေးရွာ၊ ရပ်ကွက်များတွင် ကမ်းရိုးတန်း
ဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊
တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေး အဖွဲ့များ၊
ပရဟိတအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ ပါဝင်သော ကူညီကယ်ဆယ်ရေးများ သည်
လူအင်အား၊ စက်ယန္တရားများ အသုံးပြု၍ အပျက်အစီးများ ဖယ်ရှားခြင်း၊
သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လမ်းပေါ်ရှိ မြေစိုင်ခဲများ
ဖယ်ရှားခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပေးပြီး သောက်သုံးရေများ ဖြန့်ဝေပေးသည်။
ထို့ပြင်
ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များက လောင်းလုံးမြို့ ဝန်းကျင်ဒေသရှိ သဗျာ၊
ပညှင်း၊ ညှင်းမှော်၊ ပြင်းထိန်၊ ပိန်းရှောင်၊ စန်းလှမ်း၊ အင်းဇောက်၊
ပဉ္စသီမော်ကျေးရွာတို့ရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု
လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့
ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ်မှ
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
%20photos-3.jpg)
No comments