တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားများ ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁
၂၀၂၆ ခုနှစ် (၆၂)မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့
အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အားကစားခန်းမ၌
လည်းကောင်း(ယာပုံ)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ လည်းကောင်း၊
မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့
ပုလဲရတနာခန်းမ၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌
လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် မြို့တော်ခန်းမ၌ လည်းကောင်း
ကျင်းပပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်
အသီးသီးမှ တိုင်းမှူးများနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
တိုင်းမှူးများက ဂုဏ်ပြုအမှာစကားများ ပြောကြားပြီး တာဝန်ရှိသူများက ရဲချုပ်၏သဝဏ်လွှာကို
ဖတ်ကြားကြသည်။ ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့်
တာဝန်ရှိသူများက ဆုရတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ
ချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊
တိုင်းမှူးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို
ကြည့်ရှုကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်
%20photos-8.jpg)
No comments