အင်ဒိုနီးရှား၌ ပုစွန်ထုပ်သားပေါက် တရားမဝင် မှောင်ခိုရောင်းဝယ်မှုတားဆီးရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ဖွဲ့စည်း
ဂျကာတာ အောက်တိုဘာ ၁၃
အင်ဒိုနီးရှားအစိုးရသည်
နိုင်ငံအတွင်း ပုစွန်ထုပ်သားပေါက် တရားမဝင်မှောင်ခိုရောင်းဝယ်မှုတားဆီးရေးဆိုင်ရာ အထူး လုပ်ငန်းအဖွဲ့တစ်ဖွဲ့အား အောက်တိုဘာ
၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း
သိရသည်။
အဆိုပါဆောင်ရွက်ချက်သည်
နိုင်ငံ၏ အဏ္ဏဝါသယံဇာတများအား ကာကွယ်ရေးနှင့် ပြည်တွင်းရေထွက်ကုန်လုပ်ငန်း အား အထောက်အကူပြုရေးဆောင်ရွက်ချက်၏
အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
ပြောကြား
အင်ဒိုနီးရှားနိုင်ငံတွင်
နှစ်စဉ်ပုစွန်ထုပ် သားပေါက်အရေအတွက်သည် သန်း ၅၀၀ ခန့်ရှိကြောင်း အဏ္ဏဝါရေးရာနှင့် ငါးလုပ်ငန်းဝန်ကြီး
ဆတ်တီဝါယူး ထရန်ဂိုနိုက ပြောကြားသည်။ စနစ်တကျဖွဲ့စည်းထားသည့် ပုစွန်ထုပ်သားပေါက် တရားမဝင်ရောင်းဝယ်ရေးကွန်ရက်များအား ဖြိုခွင်းရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
စက်တင်ဘာလ ၃ ရက်နေ့အစောပိုင်းက
ဂျကာတာရဲတပ်ဖွဲ့သည် တရားမဝင် ပုစွန်ထုပ်သားပေါက်ကောင်ရေ ၁၅၀၀၀၀ ခန့်အား ဖမ်းဆီးရမိခဲ့သည်။
အင်န်အိတ်ချ်ကေ

No comments