ဆင်ခြေလျှောမြေသားနိမ့်ကျမှုဖြစ်ပွားခဲ့သည့် မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံမှ သိုလှောင်ရေများ ဆက်လက်လျှော့ချ၊ ပတ်ဝန်းကျင်ကျေးရွာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်



နေပြည်တော် အောက်တိုဘာ ၃၀

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ၏ ဆင်ခြေလျှောနိမ့်ကျမှုအား ပြန်လည်ပြုပြင်ခြင်းများကို အနောက်တောင်တိုင်းစစ် ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံ ပြည်သူများပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်လျက်ရှိရာ သိုလှောင်ထိန်းသိမ်းထားရှိသည့် မမြရေလှောင်တမံရေပြင်၏ နိမ့်မြင့်အမှတ် ၃၁၅ ပေမှ သိုလှောင်ရေ လျှော့ချနိုင်ရန် တမံ၏အရေးပေါ်ရေပိုလွှဲမှ ရေထုတ်လွှတ်လျက်ရှိရာ ယနေ့အောက်တိုဘာ ၃၀ ရက်နေ့ ညနေပိုင်းတွင် တမံရှိရေ ၂၉၆ ဒသမ ၄၅ ပေသာ ကျန်ရှိတော့သဖြင့် ၁၈ ဒသမ ၅၅ ပေခန့် ရေထုတ်လွှတ် လျှော့ချပြီးဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် အဆိုပါ တမံဆင်ခြေလျှောနိမ့်ကျမှုဖြစ်ပွားသည့်နေရာအနီးရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများရှိ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုအပ်သည့်ကူညီဆောင်ရွက်မှုများကို နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

၁၀၀

No comments

Powered by Blogger.