စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
ရန်ကုန် အောက်တိုဘာ
၃ဝ
စားသုံးသူကာကွယ်ရေးဥပဒေကို
ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့
လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
မင်္ဂလာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး
စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ်က ယနေ့ကျင်းပသည့် အခမ်းအနားကို
တက်ရောက်လာကြသော အစိုးရဌာန/ အဖွဲ့အစည်းများနှင့် စားသုံးသူကာကွယ်ရေးဥပဒေကို ကျင့်သုံးဆောင်ရွက်နေကြသူများ
အားလုံးအနေဖြင့် အဆိုပါ ပြန်လည်ပြင်ဆင်မည့် ပြဋ္ဌာန်းချက်များကို လက်တွေ့ ကျင့်သုံးဆောင်ရွက်ကြမည်ဆိုလျှင်
တွေ့ကြုံနိုင်ခြေရှိသော အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများအပေါ်
မည်သို့အကျိုးသက်ရောက်နိုင်မည်၊ မည်သည့်အားသာချက်များ ရရှိလာမည်စသည့် ထင်မြင်ယူဆချက်များကို
ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ
ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးထိုက်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးထက်ဝင်းအောင်တို့က
စားသုံးသူကာကွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြကြောင်း
သိရသည်။
သတင်းစဉ်

No comments