အိမ်မဲမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး စစ်ဆေးဆောင်ရွက်
အိမ်မဲ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ် လျှပ်စစ်မှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် အိမ်မဲမြို့ရှိ မြို့မဈေးကြီးနှင့် သာသနိက အဆောက်အအုံများ၊ ဇူးဇန်ဆီဆိုင်၊ ဓူဝံဆီဆိုင်တို့၌ လျှပ်စစ်မီးသွယ်တန်း အသုံးပြုထားမှုများ၊ လျှပ်စစ်ဝိုင်ယာကြိုးများ လျော့ရဲ၊ တိုတောင်းမှုရှိ၊ မရှိ၊ လျှပ်စစ်အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို စစ်ဆေးခဲ့ကြသည်။
အဆိုပါစစ်ဆေးမှုကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့်အတူ စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်သက်လယ်

No comments