နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိ
နေပြည်တော်၊
အောက်တိုဘာ - ၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည်
မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြားချက်အရ
မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ
အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်
လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတဦးဆောင်သည့်
မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား မလေးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၊
ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး မစ္စတာ ဒါတွတ်ဆရီ ဂျိုဟာရီ အဗ္ဗဒူလ် ဂါနီ
ဦးဆောင်သည့် မလေးရှားနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မလေးရှားနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံ သံအမတ်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)
ဗိုလ်မှူးချုပ် ညီညီဦးနှင့် တာဝန်ရှိသူများကလေဆိပ်၌ ရင်းနှီး နွေးထွေးစွာ
ပို့ဆောင်နှုတ်ဆက်ကြသည်။
ထိုသို့
ပို့ဆောင်နှုတ်ဆက်စဉ် ဂုဏ်ပြုတပ်ဖွဲ့က ကော်ဇောနီ၏ တစ်ဖက်တစ်ချက်စီတွင် နေရာယူ အလေးပြု၍
ဂုဏ်ပြုနှုတ်ဆက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဦးမင်းနောင်၊
ဦးမြင့်ကြိုင်၊ ဦးမောင်မြင့်၊ ဦးထွန်းအုံ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးနိုင်ဦး၊
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ
အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူ များ
ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည်
ခရီးစဉ်အတွင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပြုလုပ်ခြင်း၊
သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ ပူးပေါင်းဆောင် ရွက်ရေးဆွေးနွေးပွဲပြုလုပ်ခြင်း
တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ထိတွေ့ဆက်ဆံမှုများ
မြှင့်တင်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုနှင့်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်
အခြားနယ်ပယ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတို့တွင်
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ ကို
ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ခဲ့သည်။
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည်
ညနေပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများ ဖြစ်ကြသည့်
ဦးညိုစော၊ ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊
ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်
မြန်မာနိုင်ငံဆိုင်ရာ မလေးရှားနိုင်ငံ သံရုံး၊ စစ်သံရုံး တို့မှ တာဝန်ရှိသူများက
လေဆိပ်တွင် ရင်းနှီးနွေးထွေးစွာဖြင့်ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments