မိုးနဲမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော ကြက်မွေးမြူရေးခြံအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး



မိုးနဲ အောက်တိုဘာ ၁၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသော လွိုင်ချိုကျေးရွာအုပ်စု ဆွမ်မွန်းကျေးရွာရှိ ဥစားကြက်‌မွေးမြူ‌ရေးခြံသို့ တာဝန်ရှိသူများက အောက်တိုဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်‌ဆေးသည်။

 

နမ့်စန်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေကြီးကြပ်မှု‌ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်၊ မိုးနဲမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့နယ်​မွေးမြူ​ရေးနှင့် ကုသရေးဦးစီးဌာနမှ ​ဒေါက်တာ​အောင်လင်းတို့က ​ ဆွမ်မွန်းကျေးရွာ ဥစားကြက်မွေးမြူ​ရေးခြံတွင် စစ်​ဆေးခဲ့ရာ ခရိုင်အုပ်ချုပ်​ရေးမှူးက ​မွေးမြူ​ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေ​ရေး၊ ရာသီအလိုက် ဖြစ်ပွားတတ်​သောရောဂါများ ကြိုတင်ကာကွယ်ရေး၊ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မွေးမြူရေးလုပ်ငန်းများ ထိခိုက်မှုမရှိ​စေ​ရေး ဆောင်ရွက်ထားရန်၊ ဥစားကြက်ကောင်ရေ တိုးချဲ့မွေးမြူနိုင်ရေးတို့ကို မှာကြားခဲ့ရာ ​မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှူးက မွေးမြူထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ​​ဒေသတွင်း ကြက်ဥစားသုံးမှုဖူလုံ​စေ​ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်​သော​ရောဂါများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါကြက်ခြံတွင် နေ့စဉ်ကြက်ဥ အလုံး ၁၀၀၀၀ ခန့်ထွက်ရှိပြီး မြို့တွင်းသို့ သင့်တင့်သော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ဝိုးတောင်း

No comments

Powered by Blogger.