မြဝတီမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ရိက္ခာများ ထောက်ပံ့ပေးအပ်
မြဝတီ အောက်တိုဘာ
၁၁
ကရင်ပြည်နယ် မြဝတီမြို့နယ်၌
ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သည့် ဆန်၊ ဆီ၊ ရိက္ခာများ
ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၉ ရက်တွင် အမှတ် (၅) ရပ်ကွက်ရှိ ကိုးနဝင်းဘုန်းကြီးကျောင်းဓမ္မာရုံ၌
ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်လွှတ်တော်
ဒုတိယဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက
ယာယီနေရပ်စွန့်ခွာ ပြည်သူများအား အားပေးစကားနှင့် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို
ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ခရိုင်၊
မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဖလူးကျေးရွာအုပ်စုနှင့် မဲ့ထော်သလေးကျေးရွာအုပ်စုရှိ
အိမ်ထောင်စု ၄၃၅ စုအတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်အိတ် တစ်အိတ်နှင့် စားသုံးဆီတစ်လီတာ
တစ်ဘူးတို့ကို ပေးအပ်ရာ တက်ရောက်လာကြသည့် ယာယီနေရပ်စွန့်ခွာ ပြည်သူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက် ကျန်းမာရေး၊
လူမှုရေး၊ ပညာရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရန်လိုအပ်သည့် အခြေအနေများကို ပြည်သူများက
ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း
သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)

No comments