ကော့ကရိတ်မြို့နယ်၌ သမဝါယမအသင်းသားများ၏ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

 



ကော့ကရိတ် အောက်တိုဘာ ၁၃


ကရင်ပြည်နယ် အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကရင်ပြည်နယ် သမဝါယမ ဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများသည် ကော့ကရိတ်မြို့နယ် သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်း အမှုဆောင်များနှင့် အခြေခံသမဝါယမအသင်း အမှုဆောင်များအား သွားရောက် တွေ့ဆုံဆွေးနွေးသည်။


ဆွေးနွေးပွဲတွင် ညွှန်ကြားရေးမှူး ဒေါ်အေးပွင့်က သမဝါယမစနစ် ပီပြင်စွာ ဖြစ်ပေါ်လာစေရေးအတွက် သမဝါယမအသင်းများ ပြုပြင်ပြောင်းလဲရန် ဆောင်ရွက်ရမည့်အချက် (၅)ချက်၊ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့် သမဝါယမကဏ္ဍအနေဖြင့် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေ ရယူဆောင်ရွက်ထားရှိမှုများကို ဆွေးနွေး ပြောကြားသည်။


ထို့နောက် ကော့ကရိတ်မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိက မိမိတို့မြို့နယ်အတွင်း သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ အသင်းအမှုဆောင်များက အသင်း၏ လုပ်ငန်းဆောင်ရွက်မှုတို့ကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူက လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အသင်းသားများ၏ တစ်နိုင်တစ်ပိုင် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။


 ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.