တရုတ်နိုင်ငံထုတ်ထရပ်ကားများ ဇင်ဘာဘွေ၌ ခေတ်စား
ဟာရီရီ အောက်တိုဘာ ၁၃
ဇင်ဘာဘွေနိုင်ငံ၌ ကျင်းပသည့် တရုတ်- ဇင်ဘာဘွေ
လူသုံးကုန်ပြပွဲနှင့် အလုပ်အကိုင်ဆိုင်ရာ ပွဲတော်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သည့်
ထရပ်ကားများသည် ပြပွဲလာရောက်သူများအကြား
စိတ်ဝင်စားမှုမြင့်တက်ခဲ့ကြောင်း သိရသည်။ ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရီရီတွင် သုံးရက်ကြာကျင်းပခဲ့သည့် အဆိုပါပြပွဲသည်
အောက်တိုဘာ ၁၁ရက်တွင် ကျင်းပပြီးစီးခဲ့ပြီး တရုတ်နိုင်ငံမှ အရည်အသွေး ယုံကြည်စိတ်ချရသည့် လုပ်ငန်းသုံးကားများအပေါ်တွင်
ဒေသခံများ၏ ဝယ်လိုအား မြင့်တက်ခဲ့ကြောင်း သိရသည်။
Shacman၊ Howo၊ Foton နှင့် Dongfeng စသည့်
တရုတ်ထရပ်ကား အမှတ်တံဆိပ်များသည် ဇင်ဘာဘွေနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ သယ်ယူပို့ဆောင်ရေး၊ သတ္တုတွင်း၊ ဆောက်လုပ်ရေးနှင့် ခရီးဝေးကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် နေရာယူထားကြပြီး နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွန်ရက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ်
ပါဝင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါပြပွဲသည် လုပ်ငန်းသုံးယာဉ်တင်သွင်းသူများအတွက် စီးပွားရေးဆိုင်ရာဆက်သွယ်မှုများ
တည်ဆောက်ရန်နှင့် ဖြစ်နိုင်ခြေရှိသော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို
ရှာဖွေလေ့လာရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်စေခဲ့သည်။
ဈေးကွက်အတွင်းကျော်ကြား
တရုတ်နိုင်ငံထုတ်ထရပ်ကားများသည် ဒေသတွင်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရာတွင်
သုံးစွဲရန်သင့်တော်သဖြင့် ဈေးကွက်အတွင်း ကျော်ကြားနေကြောင်း
Shacman ကားထုတ်လုပ်ရေးလုပ်ငန်းမှ အရောင်းမန်နေဂျာ ဟန်ဇီဟိုင်က ပြောကြားသည်။
တရုတ်နိုင်ငံမှထုတ်လုပ်သည့် ထရပ်ကားများသည် ကြံ့ခိုင်မှုရှိသည့်အတွက်
ကြိုက်နှစ်သက်ကြောင်းနှင့် ထရပ်ကားတစ်စီးအတွက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အင်ဂျင်ဖွင့်ရန် မလိုအပ်ကြောင်း
ဇင်ဘာဘွေ လယ်သမားတစ်ဦးက ပြောကြားသည်။
ဆင်ဟွာ

No comments