အာဖဂန်နစ္စတန်နိုင်ငံ၌ မူးယစ်ဆေးဝါး တစ်တန်နီးပါးကို ရဲတပ်ဖွဲ့က မီးရှို့ဖျက်ဆီး
အောက်တိုဘာ ၁၉
အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း ဖာရာပြည်နယ်၌ တရားမဝင်မူးယစ်ဆေးဝါး တစ်တန်နီးပါးကို ရဲတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကာလီမူလာ နန်ဂယ်က ယနေ့တွင် ပြောကြားခဲ့သည်။
ဘိန်းအမျိုးအစား မူးယစ်ဆေးဝါး ၉၅၅ ကီလိုဂရမ်၊ ဟာရှစ်ရှ်နှင့် မက်သာဖက်တမင်း ၃၆ ကီလိုဂရမ် အပါအဝင် မူးယစ်ဆေးဝါးများကို မကြာသေးမီက စစ်ဆင်ရေးများစွာအတွင်း သိမ်းဆည်းရမိခဲ့ပြီး အများပြည်သူရှေ့မှောက်၌ ယမန်နေ့က မီးရှို့ခဲ့သည်ဟု ၎င်းကဆိုသည်။
ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးမှောင်ခိုကူးသူဟုသံသယရှိသူတစ်ဦးကိုလည်းဖမ်းဆီးခဲ့ပြီး ကနဦးစုံစမ်း စစ်ဆေးမှုများပြီးဆုံးပါက တရားစီရင်ရေးအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်သွားဟုသိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
No comments