စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
အုတ်တွင်း အောက်တိုဘာ ၄
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာ ၂ ရက်က အမက (မူလွန်) သောင်းတိုင်ကုန်းကျောင်းနှင့် အမက(မူလွန်) သစ်တောကျောင်းတို့သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်သည်။
ဦးစွာ မြို့နယ်ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ ဆိုးကျိုးများအကြောင်း အသိပညာပေးဟောပြောသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား အသိပညာ ဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် သုံးဘီးမော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)

No comments