ပေါ်တူဂီရဲ့ အအောင်မြင်ဆုံးကစားသမားအဖြစ် စီရိုနယ်လ်ဒို ဆက်ရှိနေဆဲဖြစ်ကြောင်း ဖာနန်ဒက်စ် ပြောကြား
တိုက်စစ်မှူးစီရိုနယ်လ်ဒိုဟာ နော်ဝေအသင်းနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ဆုံးရှုံးခဲ့လို့ အသင်းလေ့ကျင့်ရေးစခန်းကနေ ထွက်ခွာသွားခဲ့ပေမယ့် ပေါ်တူဂီအသင်းရဲ့ အအောင်မြင်ဆုံး ကစားသမားအဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
အသက် ၄၁ နှစ်အရွယ် စီရိုနယ်လ်ဒိုဟာ ဒိန်းမတ်အသင်းနဲ့
ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ် အေနေးရှင်းလိဂ်ပွဲစဉ်မှာလည်း ပွဲထွက်ကစားခွင့်ရရှိ
လိမ့်မည်မဟုတ်ကြောင်း နည်းပြ ဂျော့ဂျီးဆပ်က ပြောကြားခဲ့ပြီးနောက် လေ့ကျင့်ရေးစခန်းကနေ ထွက်သွားခဲ့တာဖြစ်ပြီး ဒိန်းမတ်အသင်းနဲ့ပွဲစဉ်မှာ ပေါ်တူဂီက
လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ရီးယဲလ်မက်ဒရစ်နဲ့ မန်ယူအသင်းတို့ရဲ့
ကစားသမားဟောင်း စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၃၄ ပွဲ ပါဝင်ကစားခဲ့ရာမှာ
၁၄၆ ဂိုး သွင်းယူပေးခဲ့ပြီး
ယူရို ၂၀၁၆ ဖလားတစ်ကြိမ်နဲ့ နေးရှင်းလိဂ်ဖလား နှစ်ကြိမ်ရယူပေးခဲ့တာ
ဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ
စီရိုနယ်လ်ဒိုရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝ အနာဂတ်ကတော့ မရေရာမသေချာဖြစ်လာခဲ့တာဖြစ်ပါတယ်။
ငွေကြယ်

No comments