အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းပြ/ဒိုင် (မွမ်းမံ) သင်တန်းဆင်း

 


ရန်ကုန်    အောက်တိုဘာ   ၄ 

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်က ဖွင့်လှစ်သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ရေး နည်းပြ / ဒိုင်(မွမ်းမံ)  သင်တန်းဆင်းပွဲကို  ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်  ပဒေသာအားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်လေးက အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များက  ဆုများပေးအပ်ချီးမြှင့်ကြပြီး သင်တန်းသူများက အေရိုးဗစ် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းဖြင့် သရုပ်ပြကစားကြသည်။

အဆိုပါသင်တန်းသို့   တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှ သင်တန်းသူ ၃၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုထက်

No comments

Powered by Blogger.