ထိုင်းနိုင်ငံ၌ အိမ်ထောင်စုတစ်သန်းအတွက် ဆိုလာလျှပ်စစ်တပ်ဆင်ရေး ပံ့ပိုးမည့်အစီအစဉ် ဆောင်ရွက်

 


ဗန်ကောက်     အောက်တိုဘာ      ၂၇

ထိုင်းနိုင်ငံသည်   အိမ်ထောင်စု တစ်သန်းအတွက် ဆိုလာလျှပ်စစ်တပ်ဆင်ပေးရန်  ဘတ် ၅၀ ဘီလီယံ ပံ့ပိုးပေးမည့် အစီအစဉ်တစ်ရပ်အား အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါအစီအစဉ်အရ အိမ်ထောင်စုများအနေဖြင့် သုံးစွဲမည့် လျှပ်စစ်ဓာတ်အားကို ကိုယ်တိုင်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများအား အမျိုးသားလျှပ်စစ်ဓာတ်အားလိုင်းသို့ ရောင်းချနိုင်မည်ဖြစ်သည်။

ဝန်ကြီးအဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် အတည်ပြုခဲ့သည့် ပြည်သူ့ဆိုလာအစီအစဉ်အရ အစိုးရအနေဖြင့်   အိမ်ထောင်စုတစ်ခုချင်းစီအား ဘတ် ၅၀၀၀၀ ထောက်ပံ့ပေးမည်ဖြစ်သည်။ အဆိုပါအစီအစဉ်အား ဆောင်ရွက်ခြင်းဖြင့်  အိမ်ထောင်စုများအတွက် တစ်နှစ်လျှင် မီတာခ ဘတ် ၂၄ ဒသမ ၅ ဘီလီယံကျော် လျှော့ချပေးမည်ဖြစ်သည်။

အဆိုပါအစီအစဉ်သည် စွမ်းအင်ဆိုင်ရာအစီအမံတစ်ခုဖြစ်သကဲ့သို့ ဝင်ငွေတိုးပွားစေခြင်း၊ ကုန်ကျစရိတ်လျှော့ချပေးခြင်း၊ စုဆောင်းငွေများ စုဆောင်းနိုင်စေခြင်းနှင့် လူနေမှုဘဝအရည်အသွေးကို လက်တွေ့ကျကျ   မြှင့်တင်ပေးခြင်းတို့မှတစ်ဆင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ  အကျိုးသက်ရောက်မှုများကိုပါ ဖြစ်ပေါ်စေမည့် အစီအမံတစ်ခုဖြစ်ကြောင်း  ဝန်ကြီးချုပ် အနုတင်ချာဗီရာကူးက ယခုအစီအစဉ် စတင်ဆောင်ရွက်သည့် အခမ်းအနားတွင်  ပြောကြားသည်။

ဆင်ဟွာ

No comments

Powered by Blogger.