အာဖဂန်နစ္စတန်၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံကျော် ရှိလာ

 


ကဘူး      အောက်တိုဘာ     ၂၇

အာဖဂန်နစ္စတန်နိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ခြောက်လတာကာလအတွင်း အမေရိကန်ဒေါ်လာ  ၇ ဒသမ ၃ ဘီလီယံကျော်ရှိခဲ့ကြောင်း အထွေထွေစာရင်းအင်းနှင့် သတင်းအချက်အလက်ဆိုင်ရာ အာဏာပိုင်အဖွဲ့က အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နိုင်ငံ၏ အဓိကတင်သွင်းကုန်များတွင် ရေနံထွက်ပစ္စည်းများနှင့် ဆီများ၊ စက်ယန္တရားများ၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စက်ကိရိယာများနှင့် အပိုပစ္စည်းများ၊ သတ္တုထုတ်ကုန်များ၊ ဂျုံနှင့် ဟင်းသီး ဟင်းရွက်ဆီတို့ ပါဝင်သည်။

နိုင်ငံပြန်လည်တည်ဆောက်ရေး လိုအပ်ချက်များနှင့် ပြည်တွင်းသုံးစွဲမှု မြင့်မားနေချိန်တွင် အဆိုပါကုန်ပစ္စည်းများ၏ ဝယ်လိုအားကောင်းလျက်ရှိသည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိကပို့ကုန်များမှာ အခြောက်ခံထားသော သစ်သီးဝလံများ၊ ဆေးဖက်ဝင်အပင်များနှင့် သတ္တုတွင်းထွက်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။             

ဆင်ဟွာ

No comments

Powered by Blogger.