သမီးလေးရဲ့ ကျောင်းသွားချိန်နှင့် အခြားကလေးကဗျာများ
မောင်စုမြင် (ညောင်လေးပင်)၊ တေးရတု
(ညောင်လေးပင်)၊ လင်းထင်ကျော် (ညောင်လေးပင်) တို့ရေးသားထားသည့် သမီးလေးရဲ့ ကျောင်းသွားချိန်နှင့်
အခြားကလေးကဗျာများစာအုပ် ထွက်ရှိလာသည်။
စာအုပ်တွင် မောင်စုမြင် (ညောင်လေးပင်)၏
မောင်ရွှေလုံး အားဆေး၊ စတုဒိသာ သွားစားမယ်၊ ကိုကိုဆင်ကြီး၊ အယောင်ဆောင်သမားလေး၊ တေးရတု
(ညောင်လေးပင်)၏ ပန်းသည်လေး၊ ကျေးဇူးရှင်မေမေ၊ ဆည်းလည်းလေး၊ အလုပ်ကိုယ်စီ၊ ရေချမ်းစင်၊
ချိုသာစွာပြောမယ်၊ သဇင်ပန်း၊ အမြတ်ဆုံးရတနာ၊ ဘုံကထိန်ပွဲ၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊
ဝါကျွတ်ချိန်ခါတို့ကျေးရွာ၊ မွေးနေ့ရှင် အက္ခရာလေးများ၊ အိုးပုတ်ဈေးသွားမယ်၊ ဈေးသည်ကြီး၊
အလှစစ်၊ ကျောင်းပိတ်ရက် ဘုရားဖူးခရီး၊ စာခြောက်ရုပ်၊ လင်းထင်ကျော် (ညောင်လေးပင်) ၏
သမီးလေးရဲ့ ကျောင်းသွားချိန်၊ စီးဆောလေး၊ ကမ်းခြေလေး၊ ဆင်ကလေး၊ အိုးပုတ်လေး၊ အပင်လေး၊
အင်းလျားကန်၊ ပုသိမ်ထီး၊ ဝါးတံတား၊ သနပ်ခါး၊ ရွှေစပါး၊ နေလကြယ်၊ ထီးကလေး၊ ဒန်အိုးလေး၊
ငါးကလေး၊ လှောင်းလှေလေး၊ ပင်လယ်ကြီး၊ ဖိုးရွှေလ၊ ဆုတောင်း၊ ပုရွက်ဆိတ်၊ ကိုကြက်ဖ၊ ကဏန်းလေး၊
ကျောက်တုံးကြီး၊ သင်္ဘောကြီး၊ ရေအိုးလေး၊ စက်ဘီးလေး စသည့်ကဗျာအပုဒ်ပေါင်း ၇၀ ကို သရုပ်ဖော်ပုံများဖြင့်
ဖော်ပြထားသည်။
စာအုပ်ကို ရှင်မတောင်စာပေ၊ ဖုန်း ၀၉၇၉၈၁၈၉၁၄၈၊
၀၉၇၇၇၁၃၉၄၇၇၊ အမှတ် (၂၁၉) လမ်း ၄၀ (လယ်) ကျောက်တံတားမြို့နယ် ရန်ကုန်မြို့မှ တန်ဖိုးငွေကျပ်
၁၅၀၀၀ ဖြင့်ဖြန့်ချိသည်။
ကြေးမုံ

No comments