အစာအိမ်ကင်ဆာမဖြစ်မီ ကြိုသိနိုင်မည့် နည်းလမ်းတစ်ခုတွေ့ရှိ
လက်ရှိအချိန်တွင် အစာအိမ်ကင်ဆာကို အစောပိုင်းအဆင့်များ၌ သိရှိရပါက ကုသနိုင်သည့် ကုထုံးများရှိနေပြီဖြစ်သလို ယခု သိပ္ပံပညာရှင်များက အစာအိမ်ကင်ဆာမဖြစ်မီ ကြိုသိနိုင်မည့် နည်းလမ်းတစ်ခုကိုပါ ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။
ဂျာမနီနိုင်ငံ ချာရီတဲဆေးတက္ကသိုလ်မှ
သုတေသီများသည် အစာအိမ်ကင်ဆာဖြစ်လာမည့် အစောပိုင်းအဆင့် ဆဲလ်ပြောင်းလဲမှုများကို အသေးစိတ်ဖော်ထုတ်ခဲ့သည်။
အဓိကအားဖြင့် အစာအိမ်ထဲတွင် ကြာရှည်နေထိုင်နိုင်သည့် ဟေလီကိုဘက်တာပိုလိုရီ ဗက်တီးရီးယားပိုးကို
လေ့လာခဲ့ခြင်းဖြစ်သည်။
ထိုဗက်တီးရီးယားကြောင့် အစာအိမ်ရေရှည်ရောင်ရမ်းမှုဖြစ် လာချိန်တွင်
အစာအိမ်အတွင်းရှိ ချိတ်ဆက်ပေးသော ဆဲလ်များနှင့် အစာအိမ်နံရံရှိ ဆဲလ်များအကြား ဆက်သွယ်မှုပြောင်းလဲသွားသည်ဟု
သုတေသီတို့ကဆိုသည်။ ထိုပြောင်းလဲမှုက အချက်ပြမှုတစ်ခုကို ထုတ်ပေးပြီး သန္ဓေသားဖွံ့ဖြိုးစဉ်နှင့်
ဒဏ်ရာနာကျင်အောင်လုပ်ချိန်တို့တွင် အသုံးပြုသော ‘ပြန်လည်ပြုပြင်ရေး’အစီအစဉ်ကို အသက်သွင်းလာသည်။ ဤနည်းဖြင့် ဆဲလ်များပိုမိုပွားလာပြီး အစာအိမ်ကင်ဆာဖြစ်စေနိုင်သည့်
အစောပိုင်းအဆင့်အခြေအနေသို့ ကူးပြောင်းသွားသည်ဟု ဆိုသည်။
“ဒီလိုဖြစ်စဉ်မျိုးတွေကို
ကျွန်တော်တို့ဆေးခန်းတွေမှာ မကြာခဏ တွေ့နေရပါတယ်။ အဲဒီလို လူနာတွေကလည်း အလွန်ကိုစိုးရိမ်ပူပန်နေကြတာပေါ့။
တကယ်လို့ ကျွန်တော်တို့အနေနဲ့ ကင်ဆာမဖြစ်ခင် ပြောင်းလဲနေတဲ့ အနေအထားတွေကို ကြိုသိနိုင်ပြီဆိုရင်
ကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်လို့
ရနိုင်ပါလိမ့်မယ်”ဟု လေ့လာမှုကို ဦးဆောင်သည့် ပါမောက္ခ မိုက်ကယ်ဆီဂယ်က
ရှင်းပြသည်။
ယခုတွေ့ရှိမှုမှာ ကင်ဆာအကျိတ်မဖြစ်မီ ကင်ဆာဖြစ်နိုင်ခြေရှိကြောင်း ကြိုတင်သိရှိနိုင်ပြီး အခြေခံအကျဆုံး ဗက်တီးရီးယားကို ပဋိဇီဝဆေးတို့ဖြင့် ကြိုတင်နှိမ်နင်းနိုင်မည့် နည်းလမ်းတစ်ခုဖြစ်သည်။ ကင်ဆာဖြစ်နိုင်ခြေကို ကြိုသိပြီး ကင်ဆာဖြစ်ဖို့ လမ်းကြောင်းပေါ်သွားနေသည့်အခြေအနေတစ်ရပ်ကို ကြိုတင်သိရှိထိန်းသိမ်းနိုင်သည့် လုပ်ငန်းစဉ်ဖြစ်ရာ ကင်ဆာနှိမ်နင်းရေးတွင် ဆန်းသစ်သည့် တွေ့ရှိမှုလည်းဖြစ်သည်။
Ref: scitechdaily

No comments