(၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာ့တပ်မတော်သေနတ်ပစ်အသင်း မလေးရှားနိုင်ငံသို့ထွက်ခွာ



နေပြည်တော် အောက်တိုဘာ ၃၀

 

မလေးရှားနိုင်ငံ၌ကျင်းပမည့် (၃၄) ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ မလေးရှားနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာကြရာ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

(၃၄)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁၉ ရက်အထိ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သေနတ်ပစ်အသင်းများဖြင့် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ရိုင်ဖယ်အသင်း၊ ကာဘိုင်အသင်း၊ စက်သေနတ်အသင်း၊ ပစ္စတို (အမျိုးသား) အသင်းနှင့် ပစ္စတို (အမျိုးသမီး) အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမားစုစုပေါင်း ၅၅ ဦးတို့ လိုက်ပါသွားကြကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.