သီရိလင်္ကာနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံကျော် ရရှိ



အောက်တိုဘာ ၁၉

သီရိလင်္ကာဗဟိုဘဏ်မှထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၆ ခုနှစ် ပထမကိုးလအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၄၅ ဘီလီယံ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါခရီးသွားလုပ်ငန်းမှဝင်ငွေရရှိမှုသည် ၂၀၂၅ ခုနှစ် အလားတူကာလအတွင်း ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၇၃ ဘီလီယံထက် အနည်းငယ်လျော့နည်းသည်ဟု ဗဟိုဘဏ်က ဆိုသည်။

စက်တင်ဘာလတစ်လတည်းတွင် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၅ ဒသမ ၆ သန်းအထိ ရောက်ရှိခဲ့ပြီး ယမန်နှစ် စက်တင်ဘာလကရရှိသော အမေရိကန်ဒေါ်လာ ၁၈၂ ဒသမ ၉ သန်းထက် မြင့်တက်လာကြောင်း ဖော်ပြထားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ခရီးသွား ၁၆၉၃၆၇၉ ဦးကို ဝင်ရောက်ခဲ့ရာ ယင်းကာလအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေရရှိခဲ့သည်ဟု သတင်းများက ဆိုသည်။

ခရီးသွားလုပ်ငန်းသည် သီရိလင်္ကာ၏ အဓိက နိုင်ငံခြားငွေလဲလှယ်မှု အရင်းအမြစ်များအနက် တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံ၏စီးပွားရေးပြန်လည်ကောင်းမွန်လာစေရန် အထောက်အကူပြုရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.