တိုက်စစ်မှူး ဟယ်ရီကိန်း ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ပွဲစဉ်(၁၀၀)ပြည့်ခဲ့ပြီဖြစ်

 


ဘိုင်ယန်မြူးနစ်အသင်းနဲ့ လိုက်ပ်ဇစ်အသင်းတို့ အောက်တိုဘာ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက် လီဂါပွဲစဉ်(၆)မှာ အိမ်ရှင်ဘိုင်ယန်မြူးနစ်အသင်းက ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

အဲဒီပွဲစဉ်ဟာ တိုက်စစ်မှူး ဟယ်ရီကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပွဲစဉ်(၁၀၀)ပြည့်မြောက်ခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး သွင်းဂိုး တစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းနဲ့  လိုက်ပ်ဇစ်အသင်းတို့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတွေကို လူးဝစ်ဒီယက်ဇ်က သုံးဂိုး၊ ပါဗလိုဗစ်က တစ်ဂိုး၊ အိုလီဆေးက တစ်ဂိုး၊ ဟယ်ရီကိန်းက တစ်ဂိုးသွင်းယူပေးခဲ့ပြီး လိုက်ပ်ဇစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုတော့ မက်ကဆီမိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ တိုက်စစ်မှူးဟယ်ရီကိန်းအနေနဲ့ ယခုဘောလုံးရာသီ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၁၀ ပွဲမှာ သွင်းဂိုး ကိုးဂိုး  သွင်းယူထားပြီး  ဘိုင်ယန်မြူးနစ်အသင်းကလည်း လိုက်ပ်ဇစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ဘွန်ဒက်လီဂါ ပွဲစဉ်(၆)အပြီးမှာ အမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မွန်အသင်းနဲ့ ရမှတ်တူ ဂိုးကွားခြားချက်ဖြင့် ဇယားထိပ်၌ ဦးဆောင်ခွင့် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းကတော့ အောက်တိုဘာ ၁၈ ရက်ညပိုင်းက ယူနီယံဘာလင်အသင်းနဲ့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့လို့ အမှတ်ပေးဇယားဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ လိုက်ပ်ဇစ်အသင်းကတော့ ရမှတ်ကိုးမှတ်နဲ့ အမှတ်ပေးဇယားအဆင့် (၇)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.