၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လက်ဝှေ့ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲ ပွဲစဉ်များ ဆက်လက်ကျင်းပ
နေပြည်တော် အောက်တိုဘာ ၁၈
အားကစားရေးရာဝန်ကြီးဌာနက
ကြီးမှူးပြီး အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့
ပူးပေါင်း၍ “၂၀၂၆ ခုနှစ်
တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ”ကို ယနေ့ မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌
ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား
(၅၁၊ ၅၇၊ ၆၇)ကီလိုတန်း ပြိုင်ပွဲများနှင့် အမျိုးသမီး (၅၂၊ ၅၄၊ ၆၀၊
၆၃) ကီလိုတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
အမျိုးသားပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် (၅၁)ကီလိုတန်းပြိုင်ပွဲတွင်
မကွေးတိုင်းဒေသကြီးအသင်းမှ ထက်နိုင်အောင် (အပြာ)က ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ ထက်ဇာနေဝင်း(အနီ)ကို
လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီးအသင်းမှ လွင်မျိုးသန့်(အပြာ)က မွန်ပြည်နယ်အသင်းမှ ခန့်ဇော်သူ (အနီ)ကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ထက်မြတ်လွင်(အနီ)က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဉာဏ်လင်းထက် (အပြာ)ကိုလည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ တမ်ဟာရှိန်း(အပြာ)က
စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ စိန်ခိုင်(အနီ)ကို လည်းကောင်း၊ (၅၇)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ကောင်းကင်ကြယ်(အနီ)က စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ခုတ်ဆွင်းခိုင်(အပြာ)ကို လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ရဲဇော်(အပြာ)က
ကချင်ပြည်နယ်အသင်းမှ ရိန်အောင်(အနီ)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဖြိုးဝေထွန်း(အနီ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဇမ်းလျန်းရှမ်(အပြာ)ကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ဇဖဲတန်(အနီ)က
ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းမှ အောင်ဘုန်းခန့်ကျော်(အပြာ)ကို လည်းကောင်း၊ (၆၇)ကီလိုတန်းပြိုင်ပွဲတွင် ချင်းပြည်နယ်အသင်းမှ အောင်ဇေမြတ်(အနီ)က ရှမ်းပြည်နယ်အသင်းမှ ကျော်နိုင် (အပြာ)ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ တန်မိုင်(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သူရမင်း(အပြာ)ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ အောင်မြင့်ထွန်း (အပြာ)က ကရင်ပြည်နယ်အသင်းမှ စောအဲပိုင်ပိုင်(အနီ)ကို
လည်း ကောင်း၊ ရခိုင်ပြည်နယ်အသင်းမှ အောင်ဖြိုးပိုင်(အနီ)က ဧရာဝတီတိုင်းဒေသကြီးအသင်းမှ မင်းခန့်သူ
(အပြာ)ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
အလားတူ အမျိုးသမီးပြိုင်ပွဲ
ပွဲစဉ်များအဖြစ် (၅၂)ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဌေးဌေးဇော် (အနီ)က တနင်္သာရီတိုင်းဒေသကြီး အသင်းမှ ပန်ဆုပြည့်(အပြာ)ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
နော်ဗစ်တိုရီ(အပြာ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ ရဝေလှိုင်(အနီ)ကို လည်းကောင်း၊
(၅၄)ကီလိုတန်းပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်းမှ သွယ်ဇင်ယွန်း(အနီ)က တနင်္သာရီတိုင်းဒေသကြီးအသင်းမှ ပြည့်ဖြိုးခင်(အပြာ)ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ညောင်ရှမ်းဟွဲ့(အပြာ)က ရန်ကုန် တိုင်းဒေသကြီးအသင်းမှ သဉ္ဇာမင်း(အနီ)ကို
လည်းကောင်း၊
(၆၀)ကီလိုတန်းပြိုင်ပွဲ တွင် တနင်္သာရီတိုင်းဒေသကြီးအသင်းမှ သော်တာဦး(အနီ)က မကွေးတိုင်းဒေသကြီးအသင်းမှ ဟန်နွယ်နီစိုး(အပြာ)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ မူနှင်းအေး(အနီ)က ကရင်ပြည်နယ်အသင်းမှ နန်းသဉ္ဇာမိုး (အပြာ)ကိုလည်းကောင်း၊ (၆၃)ကီလိုတန်းပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ချမ်းပြည့်စိုး(အနီ)က မန္တလေးတိုင်းဒေသကြီးအသင်းမှ အိအိထွေး(အပြာ)ကို လည်းကောင်း၊ ရှမ်းပြည်နယ်အသင်းမှ ဇင်မာဝေ(အပြာ)က ပဲခူးတိုင်းဒေသကြီးအသင်းမှ
ဆိုင်းနန်(အနီ) ကိုလည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်
ရရှိခဲ့သည်။
၂၀၂၆ ခုနှစ် အောက်တိုဘာလ
၁၉ ရက် မွန်းလွဲ ၂ နာရီမှ စတင်၍ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ အားကစားဥယျာဉ်ရှိ မိုးလုံလေလုံ အားကစားရုံ၌ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့ပြိုင်ပွဲ
အမျိုးသား/အမျိုးသမီးဝိတ်တန်းအလိုက် ပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင်
မိဘပြည်သူများ အနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း
သိရသည်။
သတင်းစဉ်

No comments