Myanmar Fight (36) မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများ ကျင်းပ

 


ရန်ကုန်‌   အောက်တိုဘာ   ၁၈

အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Art Group (MMAG)တို့  ပူးပေါင်းစီစဉ်မှုဖြင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် က အဓိကပံ့ပိုးကူညီကာ 2026 - Myanmar Fight(36) မျိုးဆက်သစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲများကို  ယနေ့မွန်းလွဲ  ၁  နာရီက   ရန်ကုန်တိုင်းဒေသကြီး   မင်္ဂလာတောင်ညွန့်မြို့နယ်    သိမ်ဖြူအားကစားရုံ၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲများတွင် အောင်သူရနိုင် (Unity Seven)နှင့် ဟန်ထက်စိုး(Smart Fight)တို့ ပြိုင်ပွဲတွင်  ဟန်ထက်စိုး လက်သီးထိုးချက်ကြောင့် အောင်သူရနိုင် အမှတ်စဉ်ရေတွက်ခံရပြီး တတိယအချီအထိ သူတင်ကိုယ်တင်ထိုးကာ ပူးတွဲသရေကျခဲ့သည်။

ထက်လင်း(Top One)နှင့် ဇွဲဘိုဘိုအောင် (Nine)တို့  ပြိုင်ပွဲတွင် တစ်ဦးနှင့် တစ်ဦး အမှားမခံဘဲ သရေကျခဲ့သည်။

လားလဲဘွဲ(ရိုးရာကျား)  ပတ်တံတောင်ကြောင့်  ဒုတိယအချီ ထွန်းတောက်(Strong Wrestler) အနားတောင်းခဲ့ရပြီး တတိယအချီအထိ သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကျကာ သရေကျခဲ့သည်။

မာနော်(MK-1) လက်သီးထိုးချက်ကြောင့်  စိုင်းဝေလု(Phoenix Karate) ဒုတိယအချီ၌ အမှတ်စဉ်ရေတွက်ခံရပြီး    တတိယအချီအထိ ယှဉ်ပြိုင်ကာ ပူးတွဲသရေကျခဲ့သည်။ မိုးမင်းထက်(MK-1)နှင့် ဇေ(Strong Wrestler)တို့ ပြိုင်ပွဲတွင် ပွဲကောင်းဖြစ်ခဲ့၍ သရေကျခဲ့သည်။

တမာထူး(ရိုးရာကျား)လက်သီးတွဲလုံးများကြောင့် ဒုတိယအချီတွင် ဆလိုင်းကျော်ထင်(Dojo-9)ကို အနိုင်ရရှိခဲ့သည်။

ထက်ကြီး(YMA)နှင့် အောင်လေး(YFC)တို့ပြိုင်ပွဲတွင် အချီပြည့်ထိုးကြသော်လည်း သရေကျခဲ့သည်။  အောင်မာ(RAY)နှင့်  ကျော်မင်းလွင် (Unity Seven)တို့   ပြိုင်ပွဲတွင်   ပွဲ‌ကောင်းဖြစ်ပြီး   သရေကျခဲ့သည်။ စောထက်ပိုင် (MBC)နှင့် ပြည့်စုံအောင်(Strong Wrestler)တို့   ပြိုင်ပွဲတွင်  ပြည့်စုံ‌အောင်  လက်သီးတစ်ရစပ်ထိုးချက်‌ကြောင့်   ပထမအချီ၌‌ စောထက်ပိုင်ကို အလဲထိုးနိုင်ခဲ့သည်။

စူပါထူး(ကျားမနိုင်)နှင့်   သန်းဇော်ဦး(Top One)တို့    ပြိုင်ပွဲတွင် အလူးအလဲဖြင့် ပူးတွဲသရေကျခဲ့သည်။

ရဲနိုင်ထွန်း(YMA)  လက်သီးထိုးချက်ကြောင့်  ပထမအချီတွင် နိုင်သက်ထူးစံ(Phoenix Karate) အနားတောင်းခဲ့ကာ  ဆက်လက်မယှဉ်ပြိုင်နိုင်၍  အရှုံးပေးခဲ့ရသည်။   ယင်းပြိုင်ပွဲများသည်  ၃  မိနစ်ထိုး ၂ မိနစ်နား  သုံးချီစိန်ခေါ်ပွဲ ၁၁ ပွဲ ကျင်းပခဲ့ရာ အလဲထိုးသုံးပွဲ၊ ပူးတွဲသရေပွဲ ရှစ်ပွဲဖြစ်ခဲ့‌ကြောင်း သိရသည်။

ဗလ

No comments

Powered by Blogger.