အိန္ဒိယ - မြန်မာ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ယှဉ်ပြိုင်ကစားရန် မြန်မာ့တပ်မတော် ဘောလုံးအဖွဲ့ ထွက်ခွာ

 


နေပြည်တော်   အောက်တိုဘာ   ၁၈

အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်မည့် အိန္ဒိယ - မြန်မာ  တပ်မတော်နှစ်ရပ်အကြား   ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ  ယှဉ်ပြိုင်ကစားရန်အတွက်   ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)မှ  ဗိုလ်ချုပ် သိန်းနိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ချစ်ကြည်ရေးဘောလုံးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ထွက်ခွာကြရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ပြည့်စုံလင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့်  တာဝန်ရှိသူများက   လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

မြန်မာ့တပ်မတော် ချစ်ကြည်ရေးဘောလုံးအဖွဲ့တွင်  အုပ်ချုပ်သူများ၊ နည်းပြများနှင့်   ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း ၃၀ လိုက်ပါသွားပြီး အိန္ဒိယတပ်မတော်မှ  ဘောလုံးအသင်းတို့နှင့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ  ၂၁ ရက်နှင့်  ၂၃ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း   သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.