မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်ခဲ့သည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ပြန်လည်ထွက်ခွာ
နေပြည်တော် အောက်တိုဘာ ၁
မြန်မာ-အိန္ဒိယ တပ်မတော်နှစ်ရပ်အကြား
အပြန်အလှန်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်ခိုင်မာစေရန်နှင့်
ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အပြန်အလှန်ဖလှယ်ခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် ချစ်ကြည်ရေးခရီးစဉ်အဖြစ်
အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ) မှ အရာရှိ၊ စစ်သည်များ ပါဝင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ရောက်ရှိကြရာ လေဆိပ်တွင် မြန်မာ့တပ်မတော်မှ
တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အိန္ဒိယတပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊
ဥပ္ပါတသန္တိစေတီတော်အပါအဝင် တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီတော်များအား သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊
သူရဲကောင်းဗိမာန် (နေပြည်တော်)၊ တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)၊ အမျိုးသားပြတိုက်
စသည့်အထင်ကရနေရာများအား သွားရောက်လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ အိန္ဒိယတပ်မတော်မှ
ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၃၀ ရက်ညပိုင်းတွင် မြန်မာ့တပ်မတော်မှ တာဝန်ရှိသူများက
ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အဆိုပါ အိန္ဒိယတပ်မတော်မှ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည်
ယနေ့ညနေပိုင်းတွင် နေပြည်တော်လေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ လေဆိပ်တွင်
မြန်မာ့တပ်မတော်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူး Colonel
Arjun N Singh (အာဂျွန်အန်ဆင်းဟ်)တို့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments