တက္ကသိုလ်လေ့ကျင့်ရေးတပ်များမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား
နေပြည်တော် အောက်တိုဘာ ၁
တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများကို အခြေခံ စစ်ပညာနှင့်တန်းမြင့် စစ်ပညာသင်တန်းများ သင်ကြား လေ့ကျင့်ပေးခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန် များထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ ခံယူချက်မြင့်မားပြီး အရည် အချင်းပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင် ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏ တက္ကသိုလ် လေ့ကျင့်ရေးတပ်များက လေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ ဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်း ဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေ၌လည်း ကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ဗထူးတပ်မြို့၌ လည်းကောင်း၊ မွန်ပြည်နယ် ချောင်းဆုံမြို့၌လည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၌ လည်းကောင်း နယ်မြေခံသင်တန်းကျောင်းများ၌ ကျင်းပသည်။
ပြောကြား
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ သင်တန်းတာဝန်ခံ အရာရှိများ၊ သင်တန်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အမှာစကား ပြောကြားကြသည်။
ထို့နောက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ၊ စားသောက်ဖွယ်ရာများနှင့် အားကစားပစ္စည်းများပေးအပ်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ် အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်းနှင့် ပထမနှစ် တန်းမြင့် စစ်ပညာသင်တန်းတို့ကို ဖွင့်လှစ်ခဲ့ပြီး သာမန် သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန်အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
%20photos-7.jpg)
No comments