ရေးမြို့နယ်၌ နုန်းမြေများ၊ အမှိုက်များ စုပေါင်းရှင်းလင်း

 


ရေး အောက်တိုဘာ ၁

 

မွန်ပြည်နယ် ရေးမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့၍ မြစ်ရေလျှံတက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ အမှိုက်သရိုက်များ စုပေါင်းရှင်းလင်းခြင်းကို စက်တင်ဘာ ၃၀ ရက်က တာဝန်ရှိသူများသည် ရန်ကြီးအောင်ရပ်ကွက် ကမ်းနားလမ်းတစ်လျှောက်တွင် ဆောင်ရွက်ကြသည်။

 

ထိုသို့ စုပေါင်းဆောင်ရွက်ပေးခြင်းကို ရေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် စီမံအဖွဲ့ဝင်များ၊ (ခေတ္တ) မြို့နယ် အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ကမ်းနားလမ်း တစ်လျှောက် မြစ်ရေလျှံတက်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများ၊ သဲများအား မီးသတ်ရေပိုက်ဖြင့် ဆေးကြောခြင်းနှင့် ကျန်ရှိခဲ့သည့်အမှိုက်သရိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ရှင်းလင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။  

ရှင်းသန့်ဖြူ

No comments

Powered by Blogger.