အုတ်တွင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်သင်တန်းဖွင့်လှစ်

 


အုတ်တွင်း အောက်တိုဘာ ၁

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ၂၀၂၆ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းဆိုင်ရာ စာရင်းကောက်သင်တန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ကျင်းပသည်။

 

အဆိုပါသင်တန်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ သင်တန်းအား ဖွင့်လှစ်သည်။ အဆိုပါ သင်တန်းသို့ အုတ်တွင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.