ဖိလစ်ပိုင်နိုင်ငံ၌ ကလေးများ ဆိုရှယ်မီဒီယာသုံးစွဲခွင့် ကန့်သတ်မည်

 


မနီလာ    အောက်တိုဘာ    ၁၃

ဖိလစ်ပိုင်နိုင်ငံ   အောက်လွှတ်တော်သည်   အသက်(၁၃)နှစ်အောက် ကလေးများအား ဆိုရှယ်မီဒီယာသုံးစွဲခွင့် ကန့်သတ်မည့်   ဥပဒေကြမ်းအား   အတည်ပြုခဲ့ကြောင်း သိရသည်။

ကလေးသူငယ်များ အွန်လိုင်းသုံးစွဲမှုကန့်သတ်ရေးအတွက် အောက်လွှတ်တော်တွင် အောက်တိုဘာ ၁၂ ရက်က မဲပေး ခဲ့ကြသည်။ အထက်လွှတ်တော်ကလည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်းက အသက်(၁၈)နှစ်အောက်ရှိသူများအား  ဆိုရှယ်မီဒီယာသုံးစွဲခွင့်ကန့်သတ်သည့်ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။ နိုင်ငံအတွင်း ကျောင်းများတွင် ဇွန်လ အတွင်းမှစ၍  ကလေးများက  ပစ်ခတ်မှုများကျူးလွန်ခဲ့သဖြင့် ယခုကဲ့သို့ ကလေးများအား ဆိုရှယ်မီဒီယာ သုံးစွဲခွင့် ပိတ်ပင်ရန် လွှတ်တော်ကိုယ်စားလှယ်များက မဲပေးခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လအတွင်းကလည်း ကျောင်းသားတစ်ဦးသည်  ၎င်း၏အတန်းဖော်အား ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခြင်းကို ရုပ်သံဖိုင်ဖြင့် ထုတ်လွှင့်ပြသခဲ့သည်။

ယင်းဥပဒေဆိုင်ရာ နောက်ဆုံးမူကြမ်းတစ်ရပ်ကို သမ္မတထံတင်ပြ၍ အတည်ပြုချက်ရယူနိုင်ရေးအတွက်  လွှတ်တော်နှစ်ရပ် ပေါင်းစပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                                       

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.