တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားသည့် နေရာများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်
နေပြည်တော် အောက်တိုဘာ
၄
မြန်မာနိုင်ငံအတွင်း
ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ် (Land Depression) ကြောင့် တနင်္သာတိုင်းဒေသကြီးအတွင်း
စက်တင်ဘာ ၂၆ ရက် ညနေပိုင်းမှစ၍ မိုးသည်းထန်စွာ
အဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သည့်အပြင်
ထားဝယ် - လောင်းလုံး -
ကျောက်နီမော် - ရှင်မော်လမ်းမကြီးပေါ်ရှိ နေရာအချို့တွင် ရေကျော်ခြင်းများ၊ လမ်းပေါ်တွင်မြေပြိုကျ၍
လမ်းပိတ်ခြင်းများ၊ လမ်းပေါ်ရှိ တံတားများတွင် အမှိုတ်များ ပိတ်ဆို့ခြင်းများ ဖြစ်ပွားခဲ့သည်။
အဆိုပါ ထားဝယ် - လောင်းလုံး -
ကျောက်နီမော် - ရှင်မော် လမ်းမ ကြီးပေါ်ရှိ ပြိုကျနေသော မြေကြီးများကို ဖယ်ရှားရှင်းလင်းရန်နှင့်
လမ်းတစ်လျှောက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ရန်အတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ
နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့်
ဒေသခံ တိုင်းရင်းသားပြည်သူများ ပါဝင်သော ကူညီကယ်ဆယ်ရေးအဖွဲ့သည် လောင်းလုံးမြို့မှ ယနေ့နံနက်ပိုင်းတွင်
စတင်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် သဘာဝဘေးဒဏ်ထိခိုက်မှု များပြားခဲ့သည့် ကဒက်ငယ်ထိန်ကျေးရွာသို့
ရောက်ရှိခဲ့ပြီး သဘာဝဘေးကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့သည်
လောင်းလုံးမြို့ပေါ်ရှိ ရပ်ကွက် ငါးခု၊ အိမ်ထောင်စု ၃၁၀ တို့အား သောက်ရေသန့်ကားဖြင့်
ရေသန့်များဖြန့်ဝေပေးခြင်း၊ လောင်းလုံးမြို့ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းဆောင်ရွက်ခြင်းနှင့် လောင်းလုံး - ကဒက်ငယ်ထိန်ရွာ လမ်းတစ်လျှောက်ရှိ လမ်းပေါ်ပြိုကျနေသော
မြေကြီးများကို စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းများအား မြေညှိပြုပြင်ပေးခြင်း၊
တံတားများတွင် ပိတ်နေသောအမှိုတ်များ ရှင်းလင်းပေးခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ
အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကူညီကယ်ဆယ်ရေးနှင့်
ရေဝင်ရောက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ
တာဝန်ရှိသူများနှင့် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments