ကျောက်တံတားမြို့နယ်အား သန့်ရှင်းသာယာလှပသော စံပြမြို့နယ်အဖြစ် ဖော်ဆောင်လျက်ရှိ



ရန်ကုန် အောက်တိုဘာ ၄

 

​ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ်အား သန့်ရှင်းသာယာသပ်ရပ်ပြီး အမှိုက်ကင်းစင်သည့် မြို့နယ်တစ်ခုအဖြစ်လည်းကောင်း၊ ပြည်သူများကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်သည့်အပြင် ခရီးသွားဧည့်သည်များ ဆွဲဆောင်နိုင်သည့် ဒေသတစ်ခုအဖြစ်လည်းကောင်း သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

​မြို့နယ်အတွင်း သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများအဖြစ် နောက်ဖေးလမ်းကြား သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ 

 

အရှိန်အဟုန်မြှင့်ဆောင်ရွက်

 

ထို့ပြင် ဒေသခံပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သော သန့်ရှင်းသည့်ရေရရှိရေးအတွက် ရေပိုက်လိုင်းများသွယ်တန်းခြင်း၊ လမ်းမကြီးများ ဝဲ/ယာရှိ အုပ်ဆိုင်းနေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း အလင်းဖွင့်ခြင်းနှင့် လမ်းမကြီးများတစ်လျှောက် အမြင်မတင့်တယ်သည့် ရှုပ်ထွေးနေသော ဝိုင်ဖိုင်ကြိုးများ ရှင်းလင်းခြင်းလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်းကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။

 

​စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ အချက်အချာကျသော ကျောက်တံတားမြို့နယ်တွင် ရပ်ကွက်ပေါင်း ကိုးရပ်ကွက်၌ လူဦးရေနှစ်သောင်းကျော် နေထိုင်လျက်ရှိသည်။ အဆိုပါမြို့နယ်သည် ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ကိုလိုနီခေတ်လက်ရာ ရှေးဟောင်း အဆောက်အအုံများစွာ တည်ရှိရာနေရာဖြစ်သောကြောင့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အဓိကလာရောက်လည်ပတ်ကြသည့် ထင်ရှားသော မြို့နယ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။

 

ရှင်းခန့်အောင်

No comments

Powered by Blogger.