ဘော်စတွန်သို့ ပျံသန်းသည့် ခြောက်ဦးပါ ဆေးဘက်ဆိုင်ရာလေယာဉ် အဆက်အသွယ်ပြတ်တောက်နေ
ဝါရှင်တန် အောက်တိုဘာ ၄
လူခြောက်ဦးလိုက်ပါသည့်
ဆေးဘက်ဆိုင်ရာလေယာဉ်တစ်စင်းသည် ဘာမြူဒါမှ ဘော်စတွန်သို့ပျံသန်းစဉ် အောက်တိုဘာ ၃ ရက်က
အဆက်အသွယ်ပြတ်တောက်သွားကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။
ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးဌာနက
Gulfstream G100 လေယာဉ်နှင့် အဆက်အသွယ်ပြတ်တောက်သွား ခဲ့ကြောင်း ယင်းနေ့
နံနက် ၂ နာရီဝန်းကျင်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ကို အသိပေးအကြောင်းကြားခဲ့ကြောင်း သိရသည်။
ကမ်းခြေစောင့်တပ်ဖွဲ့က ၎င်း၏လေကြောင်းနှင့် ရေကြောင်းရှာဖွေရေးအဖွဲ့များသည် နန်တက်ကတ် ကမ်းလွန်ပင်လယ် ပြင်တွင် ရှာဖွေရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
အဆိုပါ ပျောက်ဆုံးလေယာဉ်သည်
ကနေဒါဆေးဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Latitude Air Ambulance မှ ဝန်ဆောင်မှုပေးသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ

No comments