ရေနံထုတ်လုပ်မှုကို နိုဝင်ဘာလတွင်လည်း ဆက်လက်ထိန်းသိမ်းသွားမည်ဟု အိုပက်ပလက်စ်ပြောကြား
ဗီယင်နာ အောက်တိုဘာ ၄
ရေနံတင်ပို့ရောင်းချသူများအသင်း
အိုပက်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများပါဝင်သည့် အိုပက်ပလက်စ် (OPEC+)
သည် ၎င်းတို့၏ ရေနံထုတ်လုပ်မှုကို နိုဝင်ဘာလတွင်လည်း ဒုတိယမြောက်လအဖြစ် ဆက်လက်ထိန်းသိမ်းသွားမည်ဟု အိုပက်အဖွဲ့က အောက်တိုဘာ ၄ ရက်တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။
ဆော်ဒီအာရေဗျ၊ ရုရှား၊
အီရတ်၊ ကူဝိတ်၊ ကာဇက်စတန်၊ အယ်ဂျီးရီးယားနှင့် အိုမန်နိုင်ငံတို့အပါအဝင် အိုပက်ပလက်စ်
(OPEC+) အဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့ဈေးကွက်အခြေအနေနှင့် စီးပွားရေးအခြေအနေ
တို့ကို ပြန်လည်သုံးသပ်ရန် အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။
အိုပက်ပလက်စ် (OPEC+)
၇ နိုင်ငံသည် ယခုနှစ် ဧပြီလမှ
စက်တင်ဘာလအထိ လစဉ်ရေနံထုတ်လုပ်မှုကို တိုးမြှင့်ခဲ့ပြီး အောက်တိုဘာလတွင်မူ ရေနံထုတ်လုပ်မှုတိုးမြှင့်ခြင်းကို
ခေတ္တရပ်ဆိုင်းခဲ့ကြသည်။ နိုဝင်ဘာ ၁ ရက်တွင် ဈေးကွက်အခြေအနေနှင့် အနာဂတ်ဆုံးဖြတ်ချက်များကို
သုံးသပ်ရန်အတွက် နောက်ထပ်အစည်းအဝေး ပြုလုပ်သွားမည်ဟု သိရသည်။
ဆင်ဟွာ

No comments