အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရ

 


ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ အောက်တိုဘာ ၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူအီးအက်ဖ်အေနေးရှင်းလိဂ်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ခရိုအေးရှားအသင်းကို ခုနစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

သွင်းယူ

အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက် သွင်းဂိုးတွေကို ဟယ်ရီကိန်းက နှစ်ဂိုး၊ ဘယ်လင်ဂမ်က တစ်ဂိုး၊ ဂေါ်ဒွန်က တစ်ဂိုး၊ ဆာကာက နှစ်ဂိုး၊ မော်ဂန်ရော်ဂျာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ယူအီးအက်ဖ်အေနေးရှင်းလိဂ်အုပ်စုအဆင့်မှာ စပိန်အသင်း၊ ခရိုအေးရှားအသင်း၊ ချက်အသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး သုံးပွဲကစားပြီးချိန်မှာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရမှတ် ခြောက်မှတ်နဲ့ အုပ်စုဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိမှာ စပိန်အသင်းက အင်္ဂလန်အသင်း၊ ခရိုအေးရှားအသင်းနဲ့ ချက်အသင်းတို့ကို အနိုင်ရရှိ ထားတာကြောင့် ရမှတ် ကိုးမှတ်နဲ့ ထိပ်ဆုံးမှာ ဦးဆောင်နေတာဖြစ်ပါတယ်။ စပိန်အသင်းဟာ ချက်အသင်းကို အနိုင်ရရှိခဲ့လို့ ယူအီးအက်ဖ်အေ နေးရှင်းလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့အသင်းလည်း ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းကတော့ အုပ်စုအဆင့်သုံးပွဲကစားပြီးချိန်မှာ တစ်ပွဲသာအနိုင်ရရှိထားတာဖြစ်လို့ ရမှတ်သုံးမှတ်နဲ့ အုပ်စုတတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ခရိုအေးရှားအသင်းဟာ အင်္ဂလန်အသင်းကို ရှုံးပွဲကြုံခဲ့ပေမယ့် အိမ်ကွင်းနောက်ဆုံး ၄၁ ပွဲမှာ လေးပွဲသာ ရှုံးပွဲကြုံတွေ့ထားတဲ့အသင်းလည်း ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.