မလေးရှားနိုင်ငံ၌ လေထုအရည်အသွေး ဆိုးရွားမှုကြောင့် စာသင်ကျောင်းများပိတ်
အောက်တိုဘာ ၈
မလေးရှားနိုင်ငံဂျိုဟောပြည်နယ်ရှိ စာသင်ကျောင်းများအားလုံးကို မီးခိုးမြူများ ပိုမိုဆိုးရွားလာခြင်းနှင့် လေထုအရည်အသွေး ယိုယွင်းလာခြင်းကြောင့် အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် ပိတ်ထားကြောင်း ဖော်ပြထားသည်။
ဂျိုဟိုးပြည်နယ် ပညာရေးနှင့် သတင်းအချက်အလက်ကော်မတီ ဥက္ကဋ္ဌ Muhammad Naqib Md Ghazali က ယမန်နေ့ညက ထုတ်ပြန်သော ကြေညာချက်၌ ယခုဆုံးဖြတ်ချက်သည် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်ကြိုတင်ကာကွယ်မှုအနေဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
စာသင်ကျောင်းများပိတ်ခြင်းသည် ဂျိုဟိုးပြည်နယ်တစ်ဝန်းရှိ ကျောင်းပေါင်း ၁၁၉၈ ကျောင်းနှင့် ကျောင်းသား၊ ကျောင်းသူ ၆၁၇၂၅၈ ဦးကို သက်ရောက်မှုရှိမည်ဟု သိရသည်။
ဂျိုဟိုးပြည်နယ်တွင်လည်း မကြာသေးမီရက်များအတွင်း လေထုညစ်ညမ်းမှုညွှန်းကိန်း (API) အလွန်မြင့်မားတဲ့ အခြေအနေတွေကို ကြုံတွေ့နေရပြီး ယနေ့ မနက် ၁၀ နာရီအထိ ဆီဂါမတ် (Segamat) ဒေသတွင် အေပီအိုင် ၁၈၇ အထိ ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အပြင် မလေးရှားနိုင်ငံတစ်ဝန်းရှိ ဒေသ ၃၈ ခု တွင်လည်း ကျန်းမာရေးအတွက် မသင့်လျော်သော အေပီအိုင်အဆင့်များကို မှတ်တမ်းတင်ခဲ့ရာ ယင်းဒေသများတွင် မြို့တော် ကွာလာလမ်ပူလည်း ပါဝင်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments