သရက်ချောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား အလှူငွေထောက်ပံ့လှူဒါန်း
သရက်ချောင်း အောက်တိုဘာ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ မိုးသည်ထန်စွာရွာသွန်းမှု
ကြောင့် တောင်ကျရေနှင့် လပြည့်ရက် ဒီရေတက်ချိန်တို့တိုက်ဆိုင်၍ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါရေကျ ဆင်းသွားပြီဖြစ်၍ ရေဘေးသင့်ပြည်သူများအနေဖြင့် ပြန်လည်ထူထောင်ရေး
လုပ်ငန်းများဆောင်ရွက်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးအရအဖွဲ့၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အလှူရှင်များစုပေါင်း၍ လှူဒါန်းထားသည့် အလှူငွေများကို ယနေ့နံနက်ပိုင်းက မော်ရှည်ကုန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား သရက်ချောင်းမြို့၊(အ-ထ-က)သရက်ချောင်းကျောင်းတွင် စုစည်း၍ ထောက်ပံ့လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌရဲမှူးခင်မောင်လွင်နှင့် ကော်မတီဝင်များက မော်ရှည်ကုန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် အလှူငွေ ၂၇၆၀၀/-ကျပ်အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သရက်ချောင်းမြို့၊ မော်ရှည်ကုန်းရပ်ကွက်တွင် ရေဘေးသင့်
အိမ်ထောင်စု(၁၂၀)စုရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းထံကသိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)
.jpg)
No comments