နောင်ချိုမြို့နယ် CROWN ဘိလပ်မြေစက်ရုံ၌ စက်ရုံယာဉ်မောင်းဝန်ထမ်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး



 

နောင်ချို   အောက်တိုဘာ    ၁၈


ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာ ငွေရည်ပုလဲကုမ္ပဏီ CROWN ဘိလပ်မြေစက်ရုံတွင် စက်ရုံယာဉ်မောင်း ဝန်ထမ်းများအား ယာဉ်အန္တရာယ် ကင်းရှင်းစေရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့က စက်ရုံဓမ္မာရုံခန်းမ၌ ကျင်းပသည်။


ဟောပြောပွဲတွင် အမှတ်(၁၂၄)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျောက်မဲ) နောင်ချိုမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ရဲအုပ်ဟန်ထွန်းနိုင် ဦးစီးသော တပ်ဖွဲ့ဝင်များက ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားခြင်း အမှား/အမှန်သရုပ်ပြခြင်းတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းဟောပြောပြီး   အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။          


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.