အိန္ဒိယ IndiGo လေကြောင်းလိုင်း၏လေယာဉ်တစ်စင်း ပျံသန်းနေစဉ် မိုးကြိုးပစ်ခံရသော်လည်း ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့
အောက်တိုဘာ ၉
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ပတ်နာမြို့မှ မြောက်ပိုင်း လပ်နောင်းမြို့သို့ ပျံသန်းနေသော IndiGo ပြည်တွင်းလေယာဉ်တစ်စင်းသည် အောက်တိုဘာ ၇ ရက်က လေထဲ၌ပျံသန်းနေစဉ် မိုးကြိုးပစ်ခံခဲ့ရသည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်သည် လေယာဉ်အမှုထမ်းများနှင့်ခရီးသည်များအားလုံး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိပဲ ၎င်း၏ဦးတည်ရာသို့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုလေကြောင်းဖြစ်စဉ်သည် အမြင့်ပေ ၁၇၀၀၀ ခန့် (၅၁၈၂ မီတာ) တွင် ဖြစ်ပွားခဲ့ပြီး လေယာဉ်၏ ရှေ့ပိုင်းနှာခေါင်းနေရာကို ထိခိုက်ပျက်စီးစေခဲ့ရာ လေယာဉ်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ပျံသန်းမှုရပ်နားထားခဲ့သည်ဟု လေကြောင်းလိုင်းတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
လပ်နောင်းမြို့တွင် ပြီးခဲ့သည့်နှစ်ရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုအပါအဝင် ပြင်းထန်သော ရာသီဥတုကို ကြုံတွေ့ခဲ့ရသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments